အင်းရေပြင်ထက်က တိုက်ပွဲခေါ်သံများ-၂
ရွှေပြည်သိင်္ဂါ ၊ တောင်လင်္ကျာဝယ်
ထက်စွာမြင့်ခေါင်၊ ပြာရီမှောင်သည်
သန်းတောင်ဂီရိ၊ မိုးတရှိက
မြညိုစိုစို၊ မြေတခိုတွင်
ရေညိုပျံ့ သင်း၊ ညောင်ရွှေအင်းလည်း
နတ်မင်းသုံးရန်၊ နန္ဒာကန်နှင့်
သဏ္ဍာန်မခြား၊ ရေကျက်စားသည်
ရေသားတံငါ၊ စီးပွားရှာတို့ 
ကွန်ခြာပွင့်ရုပ်၊ ဝင့်ကာအုပ်၍့ 
ဦးပုည
အရင်ပို့ စ်မှာ တွေးမိနေတဲ့  အင်းလေးဒေသရဲ့ "တိုက်တေး" တွေနဲ့ ပတ်သက်လို့  ပြောနေခဲ့  တာကိုဆက်ရရင်
ချစ်မေတ္တာ သက်ဝင်ပြီးကာမှ မုန်းတယ်ပြောရိုး ထုံးစံ ရှိသလားဘာလားဆိုပြီး ငေါ့မေးမေးတဲ့  အင်းသားလေးရဲ့ တိုက်ကွက်ကို ပြန်ပြီးဘဲချော့တာလား၊ လေပြေဘဲထိုးတာလားတော့မသိဘူးဗျို့ 
ညနေညို ရေခပ်သွား
ရေတွင်းနားမတွေ့ ဆို
လွမ်းစိတ်နဲ့ ငို
မြောက်မိုးလေးရယ် ညိုညိုဆင်လို့ 
မြောက်လေပွေ လာချင်ရော့ ခါမှ
မယ့်ရင်ထဲ ငိုသံများ
(မောင်ကြီးရယ်)ကြားမိရဲ့ လား။
မုန်းလို့ ရမရတော့မသိဘူး၊ လွမ်းလွန်လွန်းလို့  ကြိတ်ငိုတဲ့ အသံ မကြားရအောင် နားကန်းနေလားဘာလားပေါ့ ။
အဲဒိမှာတင်၊ အကွက်ဝင်ပြီလို့ ထင်တဲ့ အင်းသားလေးက
အလွမ်းရယ်တဲ့  ဆယ့် နှစ်ထွေ။
အိပ်ပျော်ရင် ပျော်တန်ကောင်းပါရဲ့ 
စောင်းတဲ့ လို့ နေ။
ဖလေဆာဖလေ
မပလေ တဲ့ ရာကျော်လွမ်း။
ပျိုတို့ မောင်ငယ်ကကျွမ်း
လွမ်းစိတ်နဲ့ ပန်း။
အဲ- ဒီတိုက်တေးထဲမှာ "ဖြေသာဖြေမပြေ" ဆိုတဲ့  စကားကို အင်းသားအသံနဲ့  "ဖလေဆာဖလေ၊မပလေ" လို့ ထည့်သုံးထားတော့ သဘောကျချင်စရာ၊ စိတ်ထဲမှာ တစ်မျိုးဘဲဗျ။
လွမ်းတဲ့ အကြောင်းတော့လာမပြောနဲ့  ဒီမှာ လွမ်းလွန်းလို့ တမင်ဇွတ်ကြိတ်မှိတ်ပြီးအိပ်နေရကြောင်း၊ အိပ်ပျော်ခဲ့ ရင် အလွမ်းပြေမလားဆိုပြီးတော့ပေါ့ ။ ဒါပေမယ့်  ဘယ်လိုဖြေဖြေ အလွမ်းမပြေလို့  စိတ်နှလုံးပင်ပန်းဆင်းရဲလှပါပြီဆိုပြီး တစ်လုံးပစ်သွင်းလိုက်တဲ့ သဘောပေါ့ ။ အင်းသူလေး ကြွေကောင်းကြွေသွားနိုင်မလားပေါ့ ။
အင်းသူလေးတွေဘက်ကတော့၊ ဒါလောက်နဲ့ တော့တက်မလာနဲ့ တောက်လွှတ်လိုက်လို့ တွန့်  သွားမယ် ။ပျင်းပါ့ ။"သနား"လိုက်ပါ့ လို့ ကြိတ်တွေးနေမလားမသိဘူးဗျို့ ၊ ပြန်ပြောတာလေးက
ကတ္တီပါ ဆံဆာဆုန်းနဲ့ 
မပုန်းခေါ်ဆံလို
ကြားဘိ မောင့်ကိုယ်။
ခေါ်ဆံကို
မောင့်ကိုယ်မို့ ရော်ရမ်း။
ကြက်လျှာတိုင် လေပြေဟတ်တယ်
တုံးမှတ်လို့ စမ်း။
"သံသာ"နဲ့ "ခေါ်သံ"က အင်းလေနဲ့ ပြောရင်"ဆံဆာ"နဲ့ "ခေါ်ဆံ"ပေါ့ ။ "မပုန်း" ဆိုတာကတော့ "မိန်းကလေး၊ ကောင်မလေး၊အပျိုလေး" ပေါ့ ဗျာ။
အင်းသူလေးရဲ့  ကတ္ထီပါ လိုနူးညံ့ တဲ့  အသာယာဆုံးသော အသံ ဆိုတာကို လှလှပပ ဖွဲ့ ပြသွားပြီး။ အင်းသားလေးရဲ့ မေတ္တာကို "တုံး"ကဲ့ သို့ ထုနဲ့ ထည်နဲ့  တည်ငြိမ်မယ်ထင်မိကာမှ ကြက်လျှာတိုင်လေဟတ်သလို ဖြစ်နေတာမို့ မတည်ငြိမ်ဘူး၊ သစ္စာမရှိဘူး၊ အထင်နဲ့ အမြင်လွဲ ရပါပေါ့  ဆိုပြီး ခနဲ့ လိုက်တော့တာပေါ့ ။
ပွဲကတော့ ပိုပြီးကြမ်းလာသလိုပဲဗျို့ ။ ကြက်လျှာတိုင်နဲ့ အနှိုင်းခံလိုက်ရတော့ အင်းသားလေးတွေအဖို့  ရှူးရှူးရှဲရှဲ နဲ့  ရေနွေးငွေ့ ရထား လေပေါင်တက်သလို ဖြစ်ကုန်ပြီး
မယ်တို့ မျိုး
လှည်းဆိုးလို့ မယုံသာ။
ပန်းရွှေဝါခုနှစ်ဖူး
ခူးကြည့်လို့ ကွာ။
တစ်ခေါက်ရယ်လာ
တစ်ခါကွယ်ယုံမိ။
မိဆီကိုလိပ်ပြာသွားတယ်
(မကြီးရယ်)တားလို့ မရ။
အင်းလေးဒေသမှာ မိန်းကလေးအမည်ရှေ့ က "မယ်" ယောင်္ကျားလေးနာမည်ရှေ့ က "အယ်" တပ်ပြီး ပြောလေ့ ရှိတယ်တဲ့ ဗျ။
မယုံချင့်ယုံချင်နဲ့ တစ်ခါလေးယုံမိတာနဲ့ ဒီမောင်မှာ ခံစားနေရပါပြီပေါ့ ။ လှည့်စား ဆိုတာကို "လှည့်ဆိုး" လို့  သုံးလိုက်တယ်လို့ ထင်ပါတယ်။ ကျေနပ်စရာ အသုံးလေးလို့ လည်းတွေးမိတယ်ဗျာ။
အဲလို စွတ်စွတ်စွဲစွဲ နင့်နင့်နာနာ အပြောခံလိုက်ရပေမယ့် ၊ အင်းသူလေး ကတော့ လေသံအေးအေးလေးနဲ့ ပဲ
ချစ်ပါ့ မယ်တဲ့ ကြင်ပါ့ မယ်။
တခြားမှာ သစ္စာကင်းအောင်
ရှင်းခွာခဲ့ ကွယ်။
ချစ်ပါ့ မယ်
တကယ်မို့ မယ်က။
တခြားမှာ သစ္စာကင်းအောင်
ရှင်းခွာခဲ့ မှ။
မှတ်ကရောဗျို့ ။ ဘာတွေညာတွေ အထွေအထူးပြောမနေပါနဲ့ တော့။ နင့်ဘက်ကသာ အရင်သံယောဇဉ် လက်ကျန် အကုန်သာဖြတ်ခဲ့ ။ ငါ့ဘက်က အိုကေပဲဟေ့ ။ပေါ့ ။
အဲလိုနဲ့ အဲလိုနဲ့ ဘဲ
တစ်ဖက်နဲ့ တစ်ဖက် ကဗျာတိုက်ပွဲ၊ မေတ္တာတိုက်ပွဲ ဆင်နွဲလိုက်ကြတာ
တစ်ဖက်က ဦးတည်ပြီး၊ ခေါင်းစဉ်တပ်ပေးလိုက်တဲ့ အကြောင်းအရာကို တစ်ဖက်က ထိထိရောက်ရောက် ပြန်ပြီး မချေပနိုင်ရင်၊ မချေပနိုင်တဲ့ ဘက်က အရှုံးလို့ သတ်မှတ်ကြတယ်တဲ့ ဗျ။
အချိန်အကြာကြီးဆိုင်းပြီးစဉ်းစားနေပြန်လို့ ပရိတ်သတ်က ဆူရင်လည်း ရှုံးတာပဲပေါ့ ။
အဲ- ရှုံးများရှုံးလိုက်ရင်တော့ နိုင်သွားတဲ့ ဘက်နဲ့ ပရိတ်သတ်ရဲ့ အဟားကို ခံထားဖို့ သာပြင်ပေတော့ပဲ။
ဒီတိုက်ပွဲမှာ ကျွန်တော့် ကိုသာ ဒိုင်အဖြစ်သတ်မှတ်မယ်ဆိုရင်တော့ အင်းသူလေး တွေဘက်ကို အနိုင်ပေးလိုက်ချင်ပါတယ်။(ဖွန်ကြောင်တာမဟုတ်ပါ။ မိန်းကလေးများကိုဖဲ့ သော ပို့ စ်များချည့် ရေးသည်ဟုအပြောခံနေရသောကြောင့် ကျားကွက်သဘောနဲ့ တစ်ကောင်ကျွေးခဲ့ တာဖြစ်ပါကြောင်း၊ ဟီးဟီး)
အဆုံးမသတ်ခင် ကျွန်တော်နောက်ဆုံးတွေးမိနေတဲ့ အချက်က အင်းလေးဒေသရဲ့  ကဗျာရည်ဥာဏ်ရည် ပြိုင်ပွဲတွေလိုမျိုး ဟိုးးး အရင်က ကျွန်တော်တို့ ကျောင်းတွေမှာ ရှိခဲ့  ဖူးတယ်လို့  ကြားဘူးခဲ့ လေသော စကားရည်ဥာဏ်ရည် ပြိုင်ပွဲများဖြစ်တဲ့  ကျဖမ်းစကားပြော ပြိုင်ပွဲ၊ စကားရည်လုပွဲ လေးတွေအား လွမ်းမိနေပါကြောင်း တွေးနေမိရင်းးးးး
နားဦးမယ်ဗျာ
ညွှန်း- အင်းလေး(၁၉၈၄)၊ ဒါရိုက်တာမြင့်မောင်
(တွေးမိနေတာလေးတွေကို အခြေအနေပေးရင် ဆက်ပြီးပြောပြချင်သေးပါကြောင်း)
ကညွှတ်နွယ်(ထီလာ)
15092011
0 comments:
Post a Comment