အထိုက်တန်ဆုံးဆုလာဘ်
ချစ်ခြင်းမေတ္တာတရားဆိုတဲ့ ကညာစင်လေး
အမှားများစွာလိမ်းကျံထားတဲ့ 
(တစိမ်းဆန်တဲ့  စကားမျိုးနဲ့ ပြောရရင်)
ငါ့ရဲ့
အတ္တနဲ့ လောဘ ဆိုတဲ့  အမွှာသားနှစ်ယောက်ကြောင့်
အပျိုရည်ပျက်သွားရရှာပါပြီကော ။
တကယ်တော့ 
ငါ
ဝင်စားခဲ့ တာပါကလား ။
ခွင့်လွှတ်ဖို့ တောင်းပန်ခြင်းဆိုတာမဖြစ်သင့်တော့တာမို့ 
ဗြောင်းဆန်အောင်မွှေနှောက်ခဲ့ တဲ့ ငါ့ အဖို့ 
သေလောက်တဲ့  အပြစ်ဒဏ်ခံသင့်တဲ့ 
အထိုက်တန်ဆုံး စီရင်ချက်တခုပါပဲလေ။
တောင်ဆွယ်မှာ နေကွယ်ဖို့ စောင့်ရင်း
ကားစင်အောက်က ပါးကွက် အာဏာသားရဲ့
ဓါးသွေးသံက
အားမွေးဖို့ တောင်ခွန်အားမဲ့ စေပေါ့ 
အင်းးးးးး
လုပ်ရဲရင် ခံရဲ  ရမှာက သစ္စာပဲမို့ 
ကျေနပ်စွာနဲ့ ပဲ
ကဲ
ခုတ်မှာသာ ခုတ်လိုက်ပါတော့ ။
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩