အိပ်မက်ကနှိပ်စက် သိပ်ခက်တာပဲ
အမိဖမ်းဖို့ ကြိုးစား
ဆိုးဝါးတဲ့ လေပြေ
တေလေ ကြမ်းပိုးလိုခိုးယူသွား
ဝှက်ထား
အဲဒါ
လိပ်ပြာနဲ့ ပိတုံး
အဝိဇ္ဇာ ဖုံးတော့
တုံးတိုက်တိုက် ကမ်းတိုက်တိုက်
(တကယ်)
မုန်းလိုက်ချင်တယ်
ဝတ်မှုံသူခိုး မောင်လူဆိုးမို့ 
ဝှက်ထား
အဲဒါ
ရင့် မာ ထက်ရှတဲ့  ဆူး တစ်ခုက
တယုတယ အကာအကွယ် ပေးသလိုလိုနဲ့ 
အနုအလှ တွယ်ကာ ရစ် လာတော့
သမုဒယ နွယ်သာ ဖြစ် လေပေါ့ 
မေတ္တာ ကို အရောင်ဆိုး
ဟိုးးးမိုးကုတ်စက်ဝိုင်းတစ်နေရာက သက်တံ ကွေးအနား
ဝှက်ထား
အဲဒါ
ချစ်သူရဲ့ တွန့် ဆုတ်ဆုတ် နှုတ်ခမ်း နှစ်လွှာပေါ့  ။
ရွှန်းတောက်ကာ စိုလဲ့ လဲ့ 
ငိုမဲ့ မဲ့  မျက်နှာဖုံးကိုစွပ်လို့ 
မွတ်သိပ်တဲ့  ကန္တာရ မိုး ကြောင့်
ဟိုးးး ကောင်းကင်ရဲ့ သောက်ရှူးကြယ်အနား
ဝှက်ထား
အဲဒါ
ချစ်သူရဲ့ တိုးလျှိုး နေတဲ့  မျက်ဝန်းတစ်စုံပေါ့  ။
အားးးးးးးးးးးးး
ကောင်းခန်းမှမီးပျက် သလို
စည်းချက်နဲ့ နရီ အတွက်ခက်အောင်
မိုးကြိုးက နှိပ်စက်
အိပ်မက်က လန့် နိုး
တောက် !
ကျိုးတာပဲ ။
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩