ချစ်သူကို သရုပ်ခွဲကြည့်ခြင်း
မဟူရာမှော်ရုံတော မှာ
သောက တစ်နံတစ်လျား သွယ်ယှက်ဖို့ 
နွယ် သက်သက် နဲ့  တလူလူ
ကလူသလို မြှူသလို 
တစ္ဆေ မှင်စာလို
လေနှင်ရာ လွင့်နေတဲ့ 
နင့်ဆံပင်တွေက
ငါ့ရင်ကို ပုံပြောနေကြပြီ
ကြယ်တံခွန်ရဲ့  အမြီး ကို
ယီးလေးခို ပြီး
လျှပ်ပြက် နေတဲ့  ပိုးစုန်းကြူး ရဲ့  မာန က
ခွာချ စရာ ဝတ်ရုံမဲ့ ချိန်
ယဲ့ယဲ့ သာကျန်တဲ့  ဝိညာဉ် မဲ့ အပြုံးလို
နင့်မျက်လုံးတွေက
ငါ့နှလုံးသားကို ဝါးစားနေကြပြီ
ဂျူးလိယက် ရင်ဘတ်ပေါ်က နှင်းဆီ ဟာ
ရှင်မွေ့ နွန်း ပန်ထား ခဲ့ ဖူးပါသလား
ဓါတုကလျာကော နမ်းရှိုက်ဖူးသလား
လှိုင်ထိတ်ခေါင်တင်နဲ့  စကားလက်
မယ်ခွေနဲ့  ကလီယိုပက်ထရာ
ငွေတာရီနဲ့  ပရင့်စ်အော့ဖ်ထရွိုင်
့  နဲ့
့
သူတို့ နဲ့ များ အတိုးမဲ့ ပါတ်သက်ခဲ့ လေသလား
အင်းးး
တကယ်တော့
နင့်နှုတ်ခမ်းဟာ အဲဒီနှင်းဆီပွင့် ဝင်စားတာနဲ့ တူတယ်
အဲလိုသာမှ မဟုတ်ခဲ့ ရင်
နင့်နှုတ်ခမ်း တွန့် ရုံလေးပြုံးတဲ့  အပြုံးဟာ
ငါ့အဖို့ 
အဆုံးမဲ့  လိုက်လျောခြင်းတွေ အလှူပေးပြီး
နင့်ခြေအစုံ မှာ ဘဝကို နှင်းအပ် မိပါ့ မလား
ငါ့ဆန္ဒတွေကို တုတ်နှောင်ဖို့ 
သရုပ်ဆောင်လာကြတဲ့ နင့်ဆံပင်တွေ
မလိုတမာ  တွေးပြီး ပြက်လုံး စာကြွေးတတ်တဲ့ 
နင့်မျက်လုံးတွေ
သမုဒယ ကြိုးတန်းပေါ်
ငါလမ်းလျှောက်နေတုံး
ချောက်တွန်း ကာ လှုပ်ရမ်းတတ်တဲ့ 
နင့် နှုတ်ခမ်း တွေ
အဲဒါတွေပေါ့ 
ဒါနဲ့ 
စကားမစပ်ဟာ
မတော်တဆ နင်ဟာ
ဟစ်တလာများဖြစ်ခဲ့ ရင်
အော့ဇဝခ်ျ ဟာ ငါ့ အတွက် ဆိုတာ
နင်မပြောပေမယ့် 
ငါရှက်ရှက်နဲ့ ပဲ သိလိုက်ပါပြီ
ချစ်သူရေ့
yenaung(ခ)ကညွှတ်နွယ်(ထီလာ)
15082011
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩