ခံစားမျှဝေ နင်သိစေ
ညဟာအိပ်စက်
တွေ့ ဖို့ ခက်တော့
ရမ္မက်ကြွေကျ
ရင်ဘတ်နဲ့ အမျှပါပဲ ။
ညဟာ အိပ်မောကျသွားသလို
ဆုံတွေ့ နေခွင့် အချိန်တွေ ကလည်း
ကုန်ဆုံးလို့ နေပြီလေ ။
ဒါပေမယ့် 
အတူယှဉ်တွဲ ရှိနေကြဖို့  ဆန္ဒတွေကတော့
ရင်ဘတ်တွေနဲ့ အပြည့် ရှိနေကြဆဲပါပဲ ။
ချစ်သူဆောင်နှင်း
ပျော်ရွှင်ခြင်းကြောင့်
လင်းလက်သီကုံး
ပွင့်လွှာ ဖုံးတော့
အပြုံးကိုယ်စီ ကျေနပ်လျှက် ။
ကျောပိုးသယ်ယူလာသလိုလေ
(ချစ်သူက)
ပျော်ရွှင်ခြင်းတွေကို ဆောင်နှင်းလာတတ်လွန်းလို့ 
ကျေနပ်မှုဆိုတဲ့  အပြုံးပွင့်တွေ
ခြွေချ ကြွေကျ နေကြပြီပေါ့ ။
လိပ်ပြာလူဆိုး
ဝတ်မှုံခိုးတော့
နှိုးဆွဝံ့ စား
နှလုံးသားမှာ
ငွားငွားစွင့်လို့ 
ကြည်နူးမှုတွေ ဖွင့်လှစ်ပြီ ။
နားခိုလိုက်တဲ့  အခိုက်အတန့်  လေးမှာပဲ
တကယ်တော့
နှလုံးသားရဲ့ ပန်းဝတ်မှုံကို
ကြည်နူးမှုဆိုတဲ့  လိပ်ပြာလေး
အသံမဲ့ စွာ ခိုးယူသွားလိုက်သလိုပါပဲလေ ။
မျှော်လင့်ချက်နဲ့ 
မနက်ဖြန်များ
ထပ်ဖန်တလဲ
မောင်နှံနွှဲလို့ 
မခွဲတူယှဉ်
ခံစားချင်ပေါ့ 
ရွှင်မြူးဝေမျှ
သိမ်မွေ့ လှသည်
ဘဝဆုံးတိုင် သစ္စာရည် ။
ဆန္ဒကရက်စက်၊ ရမ္မက်က စွဲမက်
ရင်တစ်ခုလုံး ကွဲအက်သွားအောင်
ဆုတောင်းပက်စက်တယ်လို့ ပြောချင်ပြော
ထပ်ထပ်ပြီး တူစုံယှဉ်တွဲ တွေ့ ဆုံ နေကြမယ့်  မနက်ဖြန်တိုင်းအတွက်
နက်နဲသိမ်မွေ့ စူးရှတဲ့  ခံစားချက်တွေ စံစားမျှဝေ နိုင်ကြလို့ 
ဆက်ချစ်ကြဖို့ 
တို့ 
့
ကညွှတ်နွယ်(ထီလာ)
02062011
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩