မျက်နှာများ
ထွက်ထွက်ကာကျလာတဲ့ 
လောဘ အဆီ ဖုံး
မောဟ အညှီ ဖုံး
ဒေါသ အရည် ဖုံး ပြီး
ဟုန်းဟုန်းထ နေတဲ့  မျက်နှာတွေ
သူရိန်နေ အိပ်ယာမထခင်မှာတောင်
ဖြစ်ဖြစ် သံစဉ် မြည်နေတဲ့  ဝေဒနာများနဲ့ 
(လောကကို)
မကြေညာဘဲ နိုးထလို့ လာကြပြီပေါ့  ။
သက်လျာနဲ့ ဝေး
နာကျင်ဆွေးလို့ 
ဒဏ်ရာများ အတိ
အားချိနေတဲ့  မျက်နှာများ။
ချစ်သူကြည်ဖြူ
အတူရွှင်ပြုံး
ပီတိဖုံးပြီး
ပုခုံးချင်းယှဉ်
ချစ်ခရီးနှင် နေကြတဲ့  မျက်နှာများ ။
ဝမ်းစာဖွေရှာရတာက
ပန်းနာဝေဒနာသည် အမောဖေါက်သလို
သောက ဈေးဦးသာပေါက်တော့
ကျေးဇူး တစ်ခုတစ်လေများ
အခုနေ ကောက်ရလေမလားဆိုတဲ့ အတွေး နဲ့ 
ငေးမောနေတဲ့  မျက်နှာများ ။
ပရာဒိုကားနဲ့ 
ဆင်နီများရှင်တို့ 
ကြွားဝင့်မာန်ထောင်
ရန်စောင်ခုတ်ထစ်
ပုတ်ညစ်နေတဲ့  မျက်နှာများ ။
ဖယောင်းတစ်တိုင် နဲ့ 
အညောင်းထိုင် ကာ ဘဝ တဏှာ ကို ရှုမှတ်ပြီး
အလှကဗျာ ကို သံစဉ်ရှာ
ဈာန်ဝင်ကာ ကလောင်တစ်လက် သွေးလို့ 
ဖောင်ဖျက်အတွေး နဲ့  မျက်နှာများ ။
အင်းးးးးးးးးးးးးးးးးးးးးးးး
ဖတ်ခဲ့ ဘူးတဲ့ ကဗျာတစ်စ
ရင်ဝ ကိုရောက်လာတာမို့ 
ဆို့ နင် စွာ ရေရွတ်မိတာက
ဘာတဲ့ 
မျက်နှာ့
မျက်နှာ့
တစ်မျက်နှာငဲ့ 
တခြား
ဘာမှမငဲ့  ။
တဲ့  ။
ကဲ
ဆင်ခြင်ကြဟေ့ 
စေ့ စေ့ ကြည့်ရင်း
ငေးငေးကြည့်ရင်း
တွေးတွေးကြည့်ရင်း
သူငယ်ချင်း
မင်း
ပြီးတော့
ငါ
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩