တန်ခိုးရှင်


အမှတ်တမဲ့ နဲ့ တောင်
မလှပ်ခဲ့ မိတဲ့   ငါ့နှလုံးသားကိုမှ
တံခါးမခေါက်ဘာမခေါက်နဲ့ 
နောက်ပေါက်က တိုးဝင်
(နင်)
တန်ခိုးရှင်။

သုတိသာယာ ရင်ဘတ်ဗလာနဲ့ 
မာယာကို ပျားရည်လူး
စကားဆူးတွေနဲ့  ထပ်ရစ်ပတ်
ချစ်တတ်လို့ လာအောင် နှောင်ကြိုးငင်
(နင်ဟာ)
တန်ခိုးရှင်။

အပြစ်မဲ့  ငါ့မေတ္တာ ကိုထိုးနှက်
အနှစ်မဲ့  နင့်သစ္စာကို ချိုးဖျက် လို့ 
ပြိုးပြက်ဝင်းလက်တဲ့  အလှတရားကြောင့်
ငါ့ဘဝခါး ခဲ့ ရတာတောင် အဆိုးမမြင်
(နင်လေ)
တန်ခိုးရှင်။


ကကြိုးက ပဉ္စလက်
ကကွက်က မှော်တစ္ဆေ
ကဝေဆန်တဲ့  အပြုံးမျိုးမို့ 
ငါ့ရင်တခွင်ဖုန်းဆိုးတောဖြစ်လေအောင်
ပုန်းလျှိုးလို့ ဝင်
(နင်ဟာလေ)
တန်ခိုးရှင်။

ဝဋ်ကြွေးမို့ လေလား

စွန့် မပစ်ရက်
မနုတ်ရက်တော့
ရက်စက်ပြုစား
နင်လှည့်စားလည်း
လူစားမလို
နင်သာလိုသည်
အလို- အသင် တန်ခိုးရှင်။


ကညွှတ်နွယ်(ထီလာ)
28092011

0 comments:

Post a Comment

Powered by Blogger.

۩ Time ۩

ကညွှတ်နွယ်(ထီလာ)

۩ သိစေချင် ۩

ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..

۩ Followers ۩

۩ လာလည်နေသူတွေ ۩

۩ အဖတ်များသော ۩

۩ အကျူဉ်းချူပ် ۩

۩ လစဉ်ဖတ်မယ် ۩