G-talk ထဲက ရည်းစား ဘဝ



တစ်ခါမှ မမြင်ဘူး
သူ့ စကား ဆူး တွေကြောင့်
ယစ်မူး တွယ်ငင်
သံယောဇဉ် လက်ထိပ်နဲ့ 
ဆွဲချိတ်မိပါပေါ့  ။

တစ်ယောက်အကြောင်းတစ်ယောက်
ရသလောက်ဖလှယ် ရင်းက
ကွာဝေး နေတဲ့  ဘဝနှစ်ခု ကိုတွေ့ တော့
(တမင်)
နှာစေးပြီး မေ့ ချင်လို့ ပါပဲ
တွေ့ ချင်သမို့ မနေသာ ။

(ကိုယ်ပိုင် ဝမ်းစာ တိုက်ပွဲရက်ရှည်တွေကြားမှာပဲ)
အချိန်က ဆင်းရဲ ပြီး
ကော်နက်ရှင်က ညှင်းဆဲ နေတော့
အိပ်ထဲက ပိုက်ပိုက်က အပျင်းဆွဲ နေပေမယ့် 
ကြူချင်ဇောက အတင်းဆွဲ တာမို့ 
ကဲ အကောင်းစားလေး ရေ
ဒင်းးးးးးး မွဲချင်မွဲပါစေတော့
စွဲလမ်းမိတဲ့ သူ့ စကား
မုသားဆိုလည်း ဖတ်ချင်
ကြပ်ရင်လည်း စိတ်မညစ်
ရစ်ရင်လည်း စိတ်မနောက်
ကောက်ရင်လည်း စိတ်မပျော့
ချော့ လိုက်ရတာက အလီလီ
အီစီကလီနဲ့  ပျော်ရွှင်ခဲ့ ။

စနေ နဲ့  ဗုဒ္ဓဟူး
ရူးတောင် ထမင်းမငတ်ဘူး ဆိုတဲ့ 
တွေ့ ရမယ့် ရက်တွေကို
တွက်ရေကာ မှတ်ဆည်းထား
ထပ်ပြီးများ ရက် တိုးတော့ မလားရယ်လို့ 
လက်ချိုးကာ အတင့်ရဲ ချင်ပေါ့ 
မချင့် မရဲ နဲ့ ကြိတ်မျှော်မိ ။

ညနေ သူ အလုပ်ဆင်းချိန်ကို
ဖုတ်သွင်း ရထားဆိုက် မှာလို
တအားစိုက်ကာ မျှော် နေမိတာက ကျွန်တော်လေ။

hay;;; ဆိုတဲ့  သူ့ သံစဉ် လေး
ထူးအိမ်သင်ရဲ့  ဂီတ ထက် ပိုပြီး
ကြည်မြ နေမှာကို အလိုအလျောက်သိ
အကြိုထောက်မိ ကာ နားစွင့်ကာပေါ့ 
ပျိုရောက် ရင်တော့ ခေါ်လိုက်နော်။

အကယ်၍များ နာဂစ်တလီ
ရှပ်နီဝါ ဆားညှပ် ပြီး
ကားကြပ်လို့ နင်နောက်ကျ
(ငါ)
စောင့်ရလို့ ပဲဖြစ်ဖြစ်။

အဖိုးကြီးရဲ့  စီခြောက်ဆယ်အပြင်
အီလောက်ဖွယ် အိုဗာတိုင်နဲ့ မို့ 
ငိုကာမှိုင် လို့ ငါမရောက်ခဲ့ ရင်
(နင်)
စောင့် အလှည့်ခါ ပဲဖြစ်ဖြစ်။

နှစ်ဦးသားကြည်ဖြူ
သဘောတူထားတဲ့  နာရီရက်
ကြာရှည်တွက်လို့ နင်မရောက်ငါမလာ
စာချန်ကြေးပါ ။

စာမေ့ ကျန်ကလိန်ရဲရင်
ကျိန်ဆဲကာ စိတ်မလျှော့ လေနဲ့ 
ချော့ ဖို့ သာ ပြင်ထား။

ဒီလိုနဲ့ ၊ ဒီလိုနဲ့  ပဲ
နေ့ တွေ လပြောင်း
လတွေ နှစ်ပြောင်း
ဒီနေ့ ထက်ထိ . . . . . တွေ့ ဖို့ စိတ်ကူး။
၁၉ နာရီ၊ ၁၈ မိနစ် မှာ
ဆက်ချစ်မိတဲ့  တို့ အတွက်ကတော့
မျှော်လျှက်အစဉ် အကြောင်းဆိုက်နိုင်ဖို့ 
ကော်နက်ရှင် ကောင်းလိုက်ဖို့ ပါပဲ။



0 comments:

Post a Comment

Powered by Blogger.

۩ Time ۩

ကညွှတ်နွယ်(ထီလာ)

۩ သိစေချင် ۩

ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..

۩ Followers ۩

۩ လာလည်နေသူတွေ ۩

۩ အဖတ်များသော ۩

۩ အကျူဉ်းချူပ် ۩

۩ လစဉ်ဖတ်မယ် ۩