ကိန္နရီ ကိန္နရာ
သူ့ ခါးတင်နှင့်၊ သူ့ ရင်သူ့ နဖူး
သူ့ ပါးကပြောင်၊ သူ့ မျက်တောင်သည်
ညွှတ်ရောင်ကော့ဖြူးဖြူးနှင့်
မြင်သူမူးမျှ
ကြည်နူးဖွယ့် သူ့ မျက်နှာ
လဆန်းသုံးရက်၊ လရေးစက်သည်
ထွန်းတက်ဆန်းပေါ်လာသို့ 
မူခရာသည်
သူဇာနတ်အတူ၊ လူကိုယ်လူလက်
လူမျက်ခွက်သည်
လူငှက်မြိုင်နန်းသူတည်း ။
                                                                မန်လည်ဆရာတော်ဘုရားကြီး
                                                                စန္ဒ ကိန္နရီ ရတု၊ ပိုဒ်ရေ ( ၆ )
          ကျွန်တော့သူငယ်ချင်းတစ်ယောက်က ကယားပြည်က ဆိုတော့ သူ့ ကိုသတိရတိုင်း ကယားပြည်ကို ပါ ယှဉ်တွဲပြီး မြင်ယောင်မိတာပေါ့ ။ ကယားပြည်ဆိုတာနဲ့  ငွေတောင်ဆည်၊ ငွေတောင်ပြည်ဟောင်း၊ ဒွေးမယ်နော် ဇာတ် အဲဒါတွေပါ တဆက်တည်း တွေးမိလာတော့ ကျွန်တော် ဖတ်ခဲ့ ဖူးတဲ့  ကိန္နရီ ကိန္နရာ တို့  အကြောင်း ရေးထားတဲ့  စာအုပ်လေးကို အမှတ်ရပြီး ဒီစာမျက်နှာတွေကို ရေးဖို့  အတွေးရလိုက်မိတာပါ ခင်ဗျားးးးးး။
          ကိန္နရီ ကိန္နရာ တို့ နဲ့ ပါတ်သက်ပြီး ဖတ်မိသလောက် တင်ပြရရင် သိပ်ရှည်သွားမှာက သေချာတော့ သူတို့  အကြောင်း ကို ကျွန်တော် နှစ်ပိုင်းခွဲလိုက်ပါတယ်။ တစ်ပိုင်းကိုတော့ ပြီးခဲ့ တဲ့  ပို့ စ်မှာ  ကြိုပြီး တင်ပြ ထားပြီးပါပြီ။ အခု ကျန်တဲ့ တစ်ပိုင်းကတော့ ကိန္နရီကိန္နရာ တို့ နဲ့ ပါတ်သက်ပြီး သူတို့ အကြောင်းတွေကို တွေးမိသမျှကဗျာ များနဲ့  ယှဉ်တွဲပြီး ပြောပြမှာဖြစ်ပါတယ်ခင်ဗျားးးးး။
          ကိန္နရီ ကိန္နရာ ဆိုတာဘာလဲ၊ တကယ်ရှိလား၊ ဘယ်လိုပုံသဏ္ဍာန် လဲ ဆိုတာတွေကို အရင် ပို့ စ်မှာ ပြောပြပြီးပြီဆိုတော့ ဒီမှာ တော့ သူ တို့ နဲ့ ပါတ်သက်တဲ့  စကားတန်းဆာ တွေကို စပြီး ပြောပြချင်ပါတယ် ။
အမရာ ကန္နရီ မဒ္ဒီ သမ္ဘူလ တော်လေးဝ
ရွှေကိန္နရီ လှဟန်ချီသို့ 
လူ နှယ်ဆင်းဝါ ကိန္နရာ
ငါးကြန်စုံညီ ကိန္နရီ
ကိန္နရီနှယ် တင့်စံပယ်
ကိန္နရာ မောင်နှံ တောင်ပံယှက်သကဲ့ သို့ 
ရွှေကိန္နရီလား သူဇာလား
နတ်ကိန္နရီ ကွေးကွေးချီလျှက်
အလှသိင်္ဂါ ကိန္နရာ
မယ်ကိန္နရီ ၊ နတ်ပီယိုးဆွယ်၊ လှမျိုးကြွယ်
နောက်ထပ်လည်း ရှိဦးမှာပါ။ ကျွန်တော်တွေးမိသလောက် သိသလောက်ပဲမို့  သူငယ်ချင်းတို့ ထပ်ပြီး ဖြည့်စွက် ပေးနိုင်ကြမယ်ဆိုရင် ပိုပြီး ပြည့်စုံသွားမယ်လို့  ထင်ပါတယ်။ ကိန္နရီ ကိန္နရာတို့ ရဲ့ အလှ အပ ကို ကဗျာလေးတွေနဲ့  ဘယ်လို ဖွင့်ဆိုပြထားတာကို  ပြောပြရမယ်ဆိုရင်
စုလည်းပတ်ခွေ၊ ထုံးမြိတ်ပြေနှင့်
တိမ်ခြေမိုးလက်၊ ယုဂန်ထွက်ဝယ်
အမြတ်မှန်းထား၊ ဂြိုဟ်ရှစ်ပါးတွင်
လူများမျက်စိ၊ ရဝိပါပ
သူရဇ္ဇဟု၊ မည်ရထင်ရှား
နေမင်းသားနှင့်၊ နဂါးရေနတ်သမီးလော။
လူလည်းမက
နတ်တမျှသို့ 
လှပကျော့ရှင်း
ခြောက်ပစ်ကင်း
          စလေဦးပုညရဲ့ ဖလ်ရောင်မှန်ရောင် ချီ တောလားထဲမှာတော့
စမ်းခံတဲ့ ရေအိုင်
နန်းစံတဲ့  ဟေဝန်မြိုင်
ကိန္နရာ မောင်နှံတို့ 
တောင်ပံခြင်း ယှက်တင်လို့ 
ကြင်သက်တူပြိုင်ကြတယ်
မစုံသူ ဇောပြန်လို့ 
သောတာပန် ပုဂ္ဂိုလ်ကျွမ်းရလောက်အောင်
ဆိုပြီး ကိန္နရီ ကိန္နရာ တို့ 
တောင်ပံယှက်၍
ကြင်သက်နှစ်ဖေါ်
တူပျော်ရွှင်
          ဒီစာမျက်နှာကတော့ ဒီလောက်ပါပဲခင်ဗျားးးးးးးးး
          ညွှန်း-(၁) မြန်မာ့ စွယ်စုံကျမ်း
                 (၂) မြန်မာစာညွှန့် ပေါင်းကျမ်း
                 (၃) ကိန္နရီ ကိန္နရာ၊၁၉၉၃ ၊ စိတြ
အခြေအနေပေးရင် ကျန်ရှိနေသေးတဲ့  ကိန္နရီ ကိန္နရာ တို့ နဲ့ ပါတ်သက်လို့ ထပ်တွေးမိနေတာတွေကို နောက်စာမျက်နှာမှာ ပြောပြချင်ပါသေးတယ်။
ကညွှတ်နွယ်(ထီလာ)
13062011
1 comments:
Unicodeနဲ့ ရရင် ကောင်းမယ် ။
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩