အတွေးထဲက ဆေးလိပ် ကဗျာ
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ ကိုပြန်ပို့ ကြပါတော့ 
               ခံတွင်းကင်ဆာ အများဆုံးဖြစ်ရတဲ့  အကြောင်းအရင်းဟာ ဆေးလိပ်သောက်ခြင်း၊ အရက်
သောက်ခြင်း၊ ကွမ်းစားခြင်း အလေ့အကျင့် တို့ ကြောင့် ဖြစ်တယ်တဲ့ ဗျ။
               ဆေးပညာနဲ့  ကျန်းမာရေး စာစောင်တွေမှာ ဆေးလိပ်သောက်ခြင်းနဲ့ ပါတ်သက်ပြီး ၊
ကိုယ်တိုင်သောက်သုံးသည်ဖြစ်စေ ၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ တွေကြောင့်ဖြစ်စေ ဆိုးကျိုးဖြစ်လာနိုင်တာ
တာတွေကို-
          ဆေးလိပ်ကြောင့်
          နှလုံးသွေးကြောဆိုင်ရာရောဂါကြောင့်သေဆုံးသူ ငါးဦးအနက် တစ်ဦး ဖြစ်နိုင်တယ်
          လေဖြတ်နိုင်တယ်
          အမျိုးသားများ သွေးဆုံးခြင်း(ဝါ) တက်စတိုစတီးရုန်း ကျားဟော်မုန်း လျော့ နည်းစေနိုင်တယ်
          သွေးတိုးရောဂါအတွက် သွေးဖိအားမြင့်တက်စေနိုင်တယ်
          အသက်ရှူကျပ်မယ်၊မောပန်းမယ်၊အသက်ရှူမဝဖြစ်မယ်၊ ရင်ဘတ်တင်းကျပ်မယ်၊မွမ်းကျပ်မယ်
          စိတ်ကျန်းမာရေးကို ထိခိုက်နိုင်တယ်
          မျက်နှာပေါ်က အရေးအကြောင်းတွေကိုပိုပြီးထင်ရှားလာစေမယ်၊ သွေးစီးဆင်းမှု နည်းသွားတဲ့ 
          အတွက် မျက်နှာ နုပျိုခြင်းကို လျင်မြန်စွာ လျော့ နည်းနိုင်မယ်(ဝါ) ရုပ်ရည်အိုမင်းလွယ်မယ်
          ဆေးလိပ်ငွေ့ ကို အချိန်ကြာကြာ ထိတွေ့ လာရင်ရှူမိလာရင် အဆုတ်အထဲမှာရှိတဲ့  လေအိပ်
          ရှူရခက်ခဲမယ်၊ နောက်ဆက်တွဲ အဖြစ် အဆုတ်ကင်ဆာ၊ တီဘီ၊ ရင်ကြပ်ပန်းနာ ဖြစ်စေနိုင်တယ်
          ကျောက်ကပ် နဲ့  ပါတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်တယ်
ဒါလောက်ဆိုရင် တော်လောက်ပြီနဲ့ တူတယ်၊ တော်ကြာ ဆေးလိပ်အရောင်းမြင့် တင်ရေး ထိခိုက်နိုင်တယ်
ဆိုပြီး ဝိုင်းသမ နေရင် ကျွန်တော့ကောင်မလေး အသဲကွဲ နေမှာစိုးလို့  ။
          သက္ကရာဇ် ၁၁၄၃ မှာ နန်းတက်တဲ့  အမရပူရ မြို့ တည်နန်းတည် ဘိုးတော်ဘုရားလက်ထက်
နှစ်ပုဒ် အကြောင်းကို ပြောချင် လို့  နိဒါန်း ချီလိုက်တာ လေနဲ နဲ ရှည်သွားတာပါ။ မယ်ခွေ ဟာ
ငိုချင်းကဗျာ တွေနဲ့ ပါတ်သက်ပြီး လက်ရာမြောက်စွာ ရေးဖွဲ့ နိုင်ခဲ့ တာတွေကြောင့် ပညာရှိတွေကတောင်
"ငိုချင်းမှာ မွေးမေ ရှင်မယ်ခွေ" လို့ ပြောရလောက်အောင် ကြော်ကြားခဲ့ တဲ့ သူပါ။
ဆေးတံတို
ဆေးတံတိုတစ်ညှိုလောက်
ရော့ သောက်တော့ပေး ။
မယူလိုက်က မိုက်လို့ ထင်
ယူလိုက်ပြန်က ကြိုက်လို့ ထင်
သောက်စေချင်
ကုတင်တွင် ထောင်ခဲ့ ကွဲ့ 
               အဲဒိခေတ်၊ အဲဒိအချိန်တုံးက ယောင်္ကျားလေး မိန်းကလေး တို့ ရဲ့ ရည်းစားစကားပြောနည်း
အဖြေပေးနည်း ပေါ့ ဗျာ၊ ဘယ်လောက်မိုက်လဲ၊ ဘယ်လောက်ယဉ်ကျေးလဲ၊ ကြည်နူး ဖို့ လဲ ကောင်းတယ်။
လက်တစ်ညှိုစာ ဆေးလိပ်တစ်လိပ်နဲ့  အချစ်ကိုဖေါ်ကျူး ရင်ဖွင့်ပြတော့၊ ကာယကံရှင် ကောင်မလေး က
ယူကလည်းယူချင်၊ ယူလဲမယူရဲ (မိန်းကလေးဈေးကျမှာ၊ အညှာလွယ်တယ်ထင်မှာ ကြောက်တာလဲ ပါမှာပါ)
ရှက်ရှက်နဲ့  တကယ်သောက်စေချင်ရင် ထားခဲ့ ၊ ပြီးမှ သောက်မယ် ပေါ့ ။ ဟားဟားဟားဟား
အထာတွေလေ၊ အထာတွေပေးနေတာ၊ ချက်ချင်းမသောက်ပဲ မူနေတာ။ အဲ တော့ ပေးရတဲ့ သူအဖို့ ကလဲ
အူမြူးပြီး ပြန်သွားမှာ မြင်ယောင် နေသေးတယ်။ အဲဒိကဗျာ ထဲမှာ မြန်မာ့ ယဉ်ကျေးမှုနဲ့ ချစ်စဖွယ်
ဓလေ့ လေးတစ်ခုကို သွားတွေ့ လိုက်မိပါတယ်ခင်ဗျား။
ဆေးလိပ်လက်ဆောင်
မဝယ်ဘူး
မယ်ခူးတဲ့ ဖက်စို ။
               သူတပါးလက်နဲ့ ထိပြီး၊ ခူးပြီး ရောင်းတဲ့ ဖက်နဲ့ တော့ ဝယ်ပြီး ချစ်သူကို ပေးတိုက်
မနေဘူး၊ကိုယ့် လက်နဲ့ ကိုယ်ပဲ ခူးတိုက် ပေးချင်တဲ့  ချစ်သူအပေါ်မှာထားတဲ့  မိန်းကလေး ရဲ့ 
စေတနာအတ္တ နဲ့ ဝန်တို တတ်မှုကို မြင်မိစေလိုက်ပါတယ်။
မီးမကူ
နေပူမှာမကင်အားလို့ 
ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့  ကို ။
               ခူးပြီးသား ဆေးလိပ်ဖက်ကို နေမလှန်း၊ မီးမကင်ပဲ ခြောက်စေချင်တဲ့  မိန်းကလေး
ရဲ့  သဘော က အေးမြကြည်လင်တဲ့  သူတို့ ရဲ့ ချစ်ခြင်း အတွင်းမှာ အပူ ဓါတ်တွေ ၊ အငွေ့ 
အသက်တွေ မပါတ်သက် လာစေချင်တဲ့ သဘောပေါ့ နော်။
               အဲတော့ အဲဒိဖက်ကို ခြောက်အောင်လုပ်ဖို့ အတွက် သူ့ ကိုယ်ငွေ့ နဲ့ ပဲ၊ သူ့ ကိုယ်
ဖိအားလေးနဲ့ ပဲ ခြောက်စေချင်တဲ့ ဆန္ဒ ကပေါ်လာတော့ သူအိပ်တဲ့ အိပ်ယာအောက်မှာပဲ ထား
အိပ်လိုက်တော့တာပေါ့ ၊ ကျွန်တော့ စိတ်ထဲမှာ ကြည်နူးသလိုလို၊ ဝမ်းနည်းသလိုလို ဖြစ်လာပြီ။
ဇီဇာကြောင်တတ်တဲ့ အတွေးမျိုးဆိုရင်တော့ ဟာ-သွားပါပြီ၊ ဘုန်းနိမ့် ပါပြီပေါ့ ၊ ဟားးးးးးးးးး
ညှာအဖျား
မချိုတောင့် လိပ်ဆေး ။
               ကပ်ကျေးတို့ ဓါး တို့ နဲ့ တော့ ဖြတ်မနေဘူး၊ ရက်စက်ရာ ကျမှာစိုးလို့ ၊ ကိုယ့် 
အကြင်နာ အာငွေ့  လေးလဲ ပါသွားအောင်၊ ကိုယ့် သွားလေးနဲ့ ပဲ တိမယ်ကွာ၊ ဖြတ်မယ်ကွာ
ဘာဖြစ်လဲ ဆိုပြီး တွေးလိုက်၊ ကိုက်ဖြတ်လိုက်၊ တစ်ယောက်တည်း ပြုံးနေလိုက် ၊ လုပ်နေ
မယ့်  ကောင်မလေးကို မြင်ယောင်ရင်း ၊ အင်းးးးးးးးး ဒီဆေးလိပ်ကိုသောက်ရင်တော့ 
အရမ်းကို ချို နေမှာပဲ လို့ တွေးမိနေတယ်ဗျို့ ။
ပိုးမကူ
ဝါချည်ဖြူ တစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်ကဲ့ လေး ။         ။
               လိပ်ပြီးသားဆေးလိပ်ကို ပြန်မပြေအောင် စည်းနှောင်ဖို့ အတွက် ဓနရှင်ဆန်တဲ့ ၊ပကာသနနဲ့ 
ဂုဏ်ဓနတွေ လွှမ်းခြုံ မယ့်  ပိုးချည်ကို မသုံးဘူး၊ ဒါမှမဟုတ် ပိုးချည်ဆိုတာက ပိုးသတ္တဝါ လေး
စရာ လို့ ထင်မိသလို ၊ ဝါချည်ကိုသုံးတာတောင် တစ်ပင်တည်း ရစ်ပတ်ချည်နှောင် ပေးလိုက်
တဲ့  သဘောက မောင့်  တစ်ယောက်တည်းကိုပဲ ချစ်တာပါ ဆိုတဲ့  စကားလက်ဆောင်ကို
ဆေးလိပ်နဲ့ အတူ ထည့်ပေးလိုက်သလို ပဲလို့ တွေးမိနေလိုက်ပါတယ်ဗျာ။
(ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို သင်္ချိုင်းသို့  ပို့ ဆောင်စေနိုင်ပါတယ်)
(ဆေးလိပ်ကင်းမဲ့ ဇုံများ နေရာနှင့် အဝန်း ပေါ်ပေါက်ဖို့ ကူညီပေးကြပါ)
(လူငယ်များ ဆေးလိပ် ရန်မှ လွတ်အောင်ရှောင်နိုင်ကြပါစေ)
နားဦးမယ်ဗျာ အခြေအနေပေးရင် ထပ်တွေးမိတာတွေကို ပြောပြချင်ပါသေးတယ်။
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩