တစ်သက်စာ မျက်နှာ
အဲဒိနေ့ က
နင့်မျက်နှာလေးကို ငါ အခုထိ မြင်ယောင်နေဆဲပဲဟေ့ ။
ရိုးသားပြီး ကြည်လင်တဲ့ 
လှပပြီး သိက္ခာရှိတဲ့ 
တစ်ကြိမ်မြင်ယုံလေးနဲ့ တင်
မေ့ ပျောက် နိုင်တဲ့ အစွမ်းတွေ ကင်းမဲ့ သွားစေတဲ့ 
နင်ပိုင်တဲ့ 
နင့်မျက်နှာလေးကိုပေါ့  ။
ဝိုင်းစက်စူးရှနေတဲ့  နင့်မျက်ဝန်းတွေက
တပ်မက်ခြင်းကို ဆီးခတ် ပိတ်ဆို့ လိုက်စေပြီး
ချစ်တယ် ခင်တယ်
လေးစားတယ် တွယ်တာတယ်
မြတ်နိုးတယ် ယုံကြည်တယ်
ကိုးစားတယ်  အဖိုးထားတယ်
ပြီးတော့
ရူးသွပ်တယ် ။
အဲဒါတွေထဲမှာမှ
နင့်ကို
လေးစားမိတာနဲ့  မြတ်နိုးမိတဲ့  ခဏ လေးကပဲ
ငါ့ အတ္တကို အာစေး မိအောင် ပြုစားလိုက်ကြပြီလေ။
ငါ မကြည့်ဝံ့ တော့ပါဘူး
နင့်ရဲ့
အကြောင့်ကြကင်းတဲ့  အပြုံး
စိတ်နှလုံး ကြည်လင်တဲ့ အပြုံး
မြူမှုံလောက်တောင် အစွန်းအထင်းမရှိတဲ့ 
အပူအပင်မဲ့ အပြုံးတွေကိုပေါ့  ။
နှာတံစင်းစင်း
နီတွေးတွေးနှုတ်ခမ်း
ပါးမို့ မို့ ပေါ်က သွေးမြစ်စိမ်းစိမ်းတွေ
ပြီးတော့
ကျက်သရေ အပြည့်နဲ့ နင့်နဖူးပြင်ပေါ်မှာ
ကပိုကရိုနဲ့  တွဲလဲခိုနေတော့
အဲတော့
ဒါတွေက
သံသယ စိတ်နဲ့  စူးစမ်း နေကြမလား ။
ဟူးးးးးးးးးးးးးးးး
တစိမ့် စိမ့် နဲ့ တွေးမိနေဆဲမှာပဲ
ဆုံးရှုံးကွယ်ပျောက်သွားမှာ သိပ်ကြောက်နေတဲ့ 
အကြည့်မျိုးနဲ့ 
နင့်ကို
ငါ
ရာသက်ပန် ကြည့်နေချင်တဲ့ ဆန္ဒ တစ်စုံကြောင့်
ကညွှတ်နွယ်(ထီလာ)
09062011
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩