အတွေးထဲက အလွမ်းကဗျာ


          အရင်ပို့ စ် က အလွမ်းကဗျာ အတွေးတွေကို ဒီပို့ စ်မှာ ခဏတော့ အဆုံးသတ် ဖို့ 
သင့်နေပြီ၊ ကျွန်တော်ကဗျာ နှစ်ပုဒ် ကို သတိရလိုက်တယ်၊ တစ်မျိုးတော့ကောင်းတယ်ဗျ၊
အလွမ်း ကဗျာတွေနဲ့ ပါတ်သက်ပြီး စ, တွေးဖြစ်ခဲ့  တဲ့  မောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ ကဗျာနှစ်ပုဒ်
ဖြစ်နေလို့ ပါပဲ။ ဒီကဗျာ နှစ်ပုဒ်ကို "ကြေကွဲခြင်းရသ ရင်ချင်းဆက် အမွှာ ကဗျာ" တွေ လို့ တောင် ပြောရလောက်ပါတယ်။

မာနကိုအပ်နှင်းခြင်း

သူငြိုငြင်လျှင်
ခွန်းချိုစကား၊ ကြားချင်ခဲ့ လျှက်
မပြောရက်ရဲ၊ ပြောခက်ခဲ၏ ။

          "ဘာမှလာပြောမနေနဲ့ ၊ ဘာမှမကြားချင်ဘူး"  သူ့ အသံစူးစူးလေးနဲ့ ကြိတ်ကြိတ် လေး အော်ထည့်လိုက်တာ ကြားလိုက်ရတဲ့  သူအဖို့  ပြောချင်နေတဲ့  စကားတွေတောင် တွန့် ဆုတ်၊ ဆွံ့ အ သွားစေ နိုင်လောက်အောင် ရုပ်သွင်ပြင်နဲ့ ၊ခက်ထန် တဲ့ လေသံတွေကို မြင်ယောင်၊ကြားယောင် မိစေတဲ့  အရေးအဖွဲ့ လေးပါ၊

သူမေ့ ချင်လျှင်
မြင်လိုလျှက်လဲ၊ မကြည့်ရဲပါ
ခွဲခွာခက်နိုး၊ ပူပန်စိုး၏ ။

          နင့်ကိုမတွေ့ ချင်ဘူး၊ မမြင်ချင်ဘူး၊ လာလဲမတွေ့  နဲ့ ၊ ဖုန်းလဲမဆက်နဲ့ ၊ မေးလ်လဲမပို့ နဲ့ ၊ မက်ဆေ့ ခ်ျ လဲ
မချန်နဲ့ ၊ စာလဲမရေးနဲ့ ၊ တဲ့ ။ တားမြစ်ကန့် သတ်ချက်တွေလေ၊ အဲတော့ ချစ်သူငြိုငြင်မှာငြူစူ မှာ
စိုးရိမ်ရင်းနဲ့  မျိုသိပ်နေရတဲ့  သက်ပြင်းရှိုက်သံဟာ မာနမီးခိုးငွေ့ တွေကို လွင့်ပြယ် စေလိမ့်မယ်လို့ 
ထင်စရာပါ ။

သူပျော်ချင်သော်
ပူပင်သောက၊ ရှားမီးစခဲ
ရင်ထဲသိုလှောင်၊ လောင်မြိုက်ခြင်းဒဏ်
ကျွန်ုပ်ခံ၍၊ မြှုပ်နှံကြေကွဲ
နေခဲ့ရဲမည်။    ။

          တကယ်လို့ များ၊့ အကယ်၍လျှင်၊့  ဆိုပြီး တွေးမိတာကတော့
ချစ်သူ့  ဆန္ဒ ပြည့်ဝဖို့ အတွက်၊ ချစ်သူကျေနပ်စေဖို့ အတွက်၊ မျက်ရည်စ တွေနဲ့  အားရပါးရ
ပြုံးပြနေသူရဲ့ ရင်ထဲမှာ ငရဲ ကျနေတဲ့  နှလုံးသားကို ချစ်သူသာ မြင်တတ်ခဲ့ မယ်ဆိုရင်၊
ဒါမှမဟုတ်၊ ကြည့်တတ်ခဲ့ မယ်ဆိုရင် ဒီလိုအဖြစ်မျိုးနဲ့  ထားခဲ့ ရက်ပါ့ မလား၊ ထားကောထားသွား
နိုင်ပါ့ မလား ဆိုတာ တွေးမိတော့ ချစ်တတ်သူတို့ ရဲ့ ဇာတ်သိမ်းခန်းလေး ကတော့
ကြည့်ကောင်းမှာပဲလို့  မျှော်လင့်နေမိတုံးပါ။

          ဒုတိယ တစ်ပုဒ်က

လွမ်းရဲတယ်

သူ မေ့ ပြီလား
လူတွေ့ ရန်မဆိုထားနဲ့ 
နှစ်ကိုယ်ကြားရုံဖုန်းဆက်တဲ့ ဓလေ့ တောင်မှ
သြော့့်   မုန်းရက်လို့  မေ့ ပြီထင် ။

ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့ 
သူ့ စကား၊ မုသားတောင်ယုံချင်တတ်သူမို့ 
(သူပြောလျှင့့် )
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို့ သူငြိုငြင် ။

မလွမ်းတတ်လို့ လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့ 
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာဘယ်လောက်ရင်ဆို့ ပေမယ့် 
ခင်မို့ လို့  တစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက် ။

ခင်ခင်စိမ်းပေမယ့် 
ရင်ငြိမ်းအောင်အပူမသတ်နိုင်လို့ 
အပူဇာတ်ကို အခန်းဆက်နေတဲ့ 
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာမရင့်ပြန်တော့
ခင်ခင့်ကိုဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက် ။     ။

          လွမ်းပေတော့၊ နောက်ထပ် ဆယ်ဘဝ လူပြန်ဖြစ်မယ်ဆိုရင်တောင် အခန်းဆက်နဲ့  လွမ်းနေဦးမယ်တဲ့ 
မချိတင်ကဲသံတွေ၊ ပင့်သက်ချသံတွေ၊ ထိခိုက်ကြေကွဲနေတဲ့ ရှိုက်သံတွေ၊ နောက်ဆုံး စိတ်လျှော့ 
လိုက်တဲ့ အသံတွေ၊ ဒီအသံတွေ ပေါင်းလိုက်တော့ ဘဝ ရှိသလောက် လွမ်းပြမယ် ဆိုတဲ့ 
မာန်တင်း လိုက်တဲ့ ဟန်ကိုပါ၊ မြင်စေ ၊ကြားစေ မိပါတယ်ဗျာ။

          တွေးရင်းတွေးရင်းနဲ့  ငိုချင်လာပြီ၊ တော်ပြီဗျာ၊ ကြာလာရင်
နှလုံးသွေးကနေ စုတေပြီး ဘဝပြောင်းလာတဲ့ မျက်ရည် တွေ
ကျလာတာကို ကျွန်တော့ကိုထားသွားတဲ့ ကောင်မလေး မြင်ပြီး မဲ့ ပြုံး ပြုံး နေမှာ
မြင်ယောင်နေသေးတယ်။ ဒါကြောင့် ကိုကိုမောင် ရဲ့  မချစ်နဲ့ တော့ ဆိုတဲ့  သီချင်းကို
ညည်းနေရင်းနဲ့ ဒီပို့ စ်ကို အဆုံးသတ်လိုက်တော့မယ်ဗျာ။

ကျန်နေသေးတဲ့  အတွေးတွေကို အခြေအနေပေးရင်ထပ်ပြီး ပြောပြချင်ပါသေးတယ် ။

 

0 comments:

Post a Comment

Powered by Blogger.

۩ Time ۩

ကညွှတ်နွယ်(ထီလာ)

۩ သိစေချင် ۩

ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..

۩ Followers ۩

۩ လာလည်နေသူတွေ ۩

۩ အဖတ်များသော ۩

۩ အကျူဉ်းချူပ် ۩

۩ လစဉ်ဖတ်မယ် ۩