ချစ်သူ့ နာမည်
ကျွန်တော်တို့  ခေတ် ကာလမှာ ကိုယ့် ချစ်သူ ရည်းစားကို တင်စားပြီး ချစ်စနိုးနဲ့  ခေါ်နေကြတဲ့  အမည်လေးတွေ ရှိပါတယ်။ တစ်ချို့ က အဖျားဆွတ်ခေါ်မယ်၊ တစ်ချို့ က သီးသန့်  ဝေါဟာရနဲ့ ခေါ်ကြမယ်။ ကျွန်တော်ကတော့ ကျွန်တော့ ချစ်သူကို "ချာတိတ် "လို့ ခေါ်ပါတယ်။ ဟီးဟီး။ သူကတော့ ကျွန်တော့ကို "မောင်" တဲ့ ။ စိတ်မဆိုးကြပါနဲ့  ကြုံတုန်း ကြော်ငြာ ဝင်လိုက်တာပါ။ အဲလို မျိုး သူငယ်ချင်းတို့ လည်း ခေါ်နေကြ ၊ ခေါ်နေဆဲ၊ ခေါ်ဖူးခဲ့ ၊ ခေါ်လတ္တံ့  ဖြစ်ကြမှာပါ။
အဲလို ချစ်စနိုးခေါ်နေခဲ့ ကြတာ အခုမှမဟုတ်ပါဘူး။ ဟိုးးးးးးး ရှေးး တုံးကတည်းက ခေါ်ဆိုလာခဲ့ ကြတာပါ။ အဲဒိလို ခေါ်ဆိုခဲ့ ကြတဲ့  အမည်ပေး ရည်ညွှန်းခဲ့ ကြတဲ့  အမည်လေး တွေကို ပြောပြချင်လို့ ပါ။
ရှာကြည့်မယ်ဆိုရင်တော့ မြန်မာ တို့ ရဲ့  စာပေ သမိုင်းမှာ ဒါမျိုးတွေ ထုနဲ့ ထည်နဲ့  တွေ့ ကြရမှာပါ။ လောလောဆယ်တော့ ကျွန်တော်က ရတုဘိုးအေ ရှင်မဟာရဋ္ဌ သာရ ရယ်၊ ရတုဘုရင် နတ်ရှင်နောင် နဲ့  ရသကိုးပါးစလုံးပေးစွမ်းနိုင်သူ လို့ အမည်ရတဲ့  နဝဒေး တို့ ရဲ့  ရတုတွေထဲမှာ သူတို့ နဲ့ ပါတ်သက် ကျွမ်းဝင်ခဲ့ တဲ့  ချစ်သူရည်းစားတို့  ကို ခေါ်ဝေါ်သုံးနှုံးထား ပုံ အမည်လေးတွေကို ပြောပြချင်ပါတယ် ။ ရှင်မဟာရဋ္ဌသာရ ကိုယ်တော်ကြီးကတော့ ရဟန်း သူမြတ် ဖြစ်လေတော့ ငယ်ရွယ်စဉ်က သာ ချစ်မေတ္တာ အကြောင်းအချင်းရာတွေကို ရေးဖွဲ့ ခဲ့  တဲ့ အတွက် ဝေါဟာရ နာမည် နည်းပါးပါတယ်။
သူငယ်ချင်းများ ယှဉ်တွဲ နှိုင်းဆ ပြီး ခံစားကြည့်ကြပါခင်ဗျားးးးးးး
နဝဒေး ရှင်မဟာရဋ္ဌသာရ နတ်ရှင်နောင်
ရှင်နှောင်း ရှင်နှောင်းနွဲ့ ညို
ညိုနွဲ့ နှောင်း
နတ်နှောင်း
ပြာနွဲ့ နှောင်း
နှောင်းမြညိုမွတ်
ချစ်ထွတ်တင် ချစ်ထွတ်တင်
လှများပန်း လှပန်ပန်း
လှများစံ
လှခေါင်မိုး လှခေါင်မိုး စံထက်တံဆိပ်
လှခေါင်ထိ လှခေါင်ထိပ်
လှခေါင်နေ
ဖြူဝင်းရွှန်း ဝင်းငြိမ့် ရွှန်း ပြာလဲ့ ရွှန်း
လှငြိမ့် ရွှန်း ဖြူနွဲ့ ရွှန်း
ဝင်းငြိမ့် ရွှန်း
သရေရစ်ထွန်း
နွဲ့ ငြိမ့် ရွှန်း
ညိုပြာသန့် ရှင်း ပြာခြည်နွဲ့ ရှင်း
လှမှန်ကင်း လှမှန်ကင်း
မြူစောဝင်းရွှန်း ညိုရောင်သွယ်ရွှန်း
လှကြငှန်း လှကြငှန်း
နောင့်သက်နှင်း သက်နှင်း
နောင့်သက်မှတ် ထွန်းသက်မှတ် ကျွန်ုပ်သက်
ပြာရှင်းနွဲ့ မွတ် လှနေများထွတ်
နောင်သက်မှတ် နောင်သက်မှတ်
ဝင်းညိုမွှေးမွတ် ပြာလတ်နွဲ့ ချော
ပြာလတ်နွဲ့ ချော နတ်နှင့်လျှော
လှမှန်ကူ နန်းမြင့်သူ
ဖြူထွတ်ဝင်း ရွှေရောင်ဝင်း ပြာထွတ်ဝင်း
သွယ်နွဲ့ ညို ဆင်းပြာညို
ချောညို ပြစ်လွင့် ပြစ်မျိုးဝေး
ဝင်းညိုမွတ် ဝင်းညက်ကြည်း ဝင်းနွဲ့ မွတ်
ဝင်းရွှန်းညို ရွှေသားမြလျှံ
မွတ်ညက်စံ
မျိုးယဉ်နွဲ့  မြတ်မျိုးမြင့် မျိုးမြင့်စံတင့်
မျိုးဘုန်းမြင့်
ပြာချောမြေ့  ချောနွဲ့ ရောင်မြေ့ 
နောင်မြခက် နောင်မင်းကြင်
ပြာလတ်နွဲ့ မွှေး ဖြူမွတ်မွှေး
ချောငြိမ့် လေး လှငြိမ့် လေး
နွဲ့ ညွှတ်ငြိမ့် လေး
ဆင်းငြိမ့် လေး
မွတ်ထားငြိမ့် လေး
ညိုရောင်စု ညိုမွတ်လှ
မွတ်မွတ်လှ
ဆင်းရောင်ငြိမ့် 
နှစ်ယောက်မပြိုင်
မြရည်စိုင်
နောင် သခင်
နေကြာလှ
လှနေကျ
ဘုံမြင့်နန်းသူ
မည်သူမထိုက်
လှမကိုဋ်
ရှေးခေတ် အခေါ်အဝေါ် တစ်ချို့ က ကျွန်တော်တို့ အဖို့  ပြုံးချင် လှောင်ချင်စရာ တောနံ့  နံ တယ်လို့ ထင်စရာပါ။ သူတို့ ခေတ်မှာတော့ အဲဒိ အမည်တွေဟာ မော်ဒန် အဖြစ်ဆုံး ဝေါဟာရတွေဖြစ်နေမှာပါ။ ဒါပေမယ့်  တစ်ခုလောက် စဉ်းစားကြည့်မယ်ဗျာ အကယ်၍ များ နောက် ထပ် နှစ်ပေါင်း ( ၅၀၀ ) လောက်ရောက်ခဲ့ ရင် အခု ကျွန်တော်တို့  ခေါ်ဆိုသုံးနှုန်း နေကြတဲ့  နာမည် ဝေါဟာရတွေဟာ အဲဒိခေတ်မှာ ဟားစရာများ ဖြစ်နေမလားပေါ့ ။
သူငယ်ချင်းတို့ လည်း ကိုယ့် ရဲ့ ချစ်သူရည်းစားကို (အရင်က)ဘယ်လိုခေါ်ခဲ့ ၊ (အခု)ခေါ်ဆဲ၊ (နောင်မှာ ချစ်သူရခဲ့  ရင် ဘယ်လိုခေါ်မယ်ဆိုတာ ကြိုတင် စိတ်ကူး ထားတာရှိရင်) ခေါ်လတ္တံ ဆိုတာတွေကို ပြောပြခဲ့  ကြပါဦးနော်။
သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုးကား- စာပေ အင်အား၊ ၁၉၇၀၊ မတ်လ။
0 comments:
Post a Comment