နင်နဲ့ ငါ

နင်နဲ့ ငါ
ကဗျာ စာ ပိုးတွယ်တာချင်းလည်းမတူ
ဝါသနာ မျိုးနွယ်တာချင်းလည်းမတူ
ဘာသာကိုးကွယ်တာချင်းလည်းမတူ

နင်နဲ့ ငါ
မေဂျာ ရွေးချယ် တာမှာလည်းကွာတယ်
စေတနာ ဆေးခြယ် တာမှာလည်းကွာတယ်
ဝေဒနာ အတွေးကြွယ် တာမှာလည်းကွာတယ်

နင်နဲ့ ငါ
ဘဝ ကြီးပြင်းလိုက်ခဲ့ ကြတာလည်းမတူ
ဘဝ စီးချင်းတိုက်ခဲ့ ကြတာလည်းမတူ
ဘဝ မီးပြင်းမြှိုက် ခဲ့ ကြတာလည်းမတူ

နင်နဲ့ ငါ
ထမင်းဟင်း အစားကြိုက်တာချင်းလည်းကွာတယ်
အတင်းအဖျင်း စကားကြိုက်တာချင်းလည်းကွာတယ်
သတင်းပလင်း နားစိုက်တာချင်းလည်းကွာတယ်

နင်နဲ့ ငါ
ညှို့  မျက်နှာ ပြုံးရယ်တာချင်းလည်းမတူ
လျှို့ ဝှက်ကာ ဖုံးကွယ်တာချင်းလည်းမတူ

နင်နဲ့ ငါ
စိတ်အနေ ထားတာချင်းလည်းကွာတယ်
မိတ်ဆွေ များတာချင်းလည်းကွာတယ်

နင်နဲ့ ငါ
မိသားစု ဇာတ်အထာချင်းလည်းမတူ
ဖိအားထု ပြဿနာ ချင်းလည်းမတူ

နင်နဲ့ ငါ
အတွေးအမြင် အနံအလျားမှာလည်းကွာတယ်
အဆွေးဘဝင် ခံစားတာလည်းကွာတယ်

နင်နဲ့ ငါ
အကွက်ရှာ အပြစ်မြင်တာချင်းလည်းမတူ
တစ်သက်စာ ချစ်ချင်တာချင်းလည်းမတူ

(ဒါတွေကြောင့်ပေါ့ )

ရေးသူကိုမမှတ်မိ
ထပ်ကြည့်ဖို့ က ရှာမတွေ့ 
ငါတွေ့ ပဲထားလိုက်ပါတော့ ဟာ။
( ဦးချစ်ကောင်းနဲ့  SAI လို )
ရှေးရှေးတုံးက ကဗျာတစ်ပုဒ်
အသာထုတ်လို့ အသက်သွင်း
လက်ငင်းသာ ဖတ်ကြည့်
ဟတ်ထိကာ အဖြေရှာ တွေ့ စေတော့
စေတနာ၊ ဒီကဗျာ လက်ဆင့်ကမ်းလိုက်မယ်
တွက်ချင့်ကြည့်စမ်း ချစ်သူရေ -

သမဂ္ဂါနံ၊ တပေါ၊ သုခေါ

လူ့ စရိုက်
သူ့ အကြိုက်နှင့်သူ ။

အယူအဆ
အတူတကွ ညှိနှိုင်းလို့ ယူ ။

သို့ မဟူ
တို့ ချစ်သူအများ ။

အကျိုးကိုကွက် ချစ်ရှာသူနှင့်
အဆိုးကိုတွက် ပစ်ခွာသူတို့ 
မေတ္တာကို ဆေးရောင်ဆိုးလျှင်ဖြင့်
ဘေးအမှောင်ဆိုးဝိပါက်ဆိုတာတော့ 
(လွမ်းရင်းနဲ့ )
သိမှတ်စေသား ။      ။


ကဲ
ဖတ်ပြီးပြီဆိုရင်
အငြင်းစကားတွေ ချန်ရစ်လို့ 
အချင်းများကာရန်ဖြစ်တာတို့ 
စဉ်းစားကာ ပြန်ချစ်ကြစို့ 

တို့ 

နင်
နဲ့ 
ငါ့ 

0 comments:

Post a Comment

Powered by Blogger.

۩ Time ۩

ကညွှတ်နွယ်(ထီလာ)

۩ သိစေချင် ۩

ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..

۩ Followers ۩

۩ လာလည်နေသူတွေ ۩

۩ အဖတ်များသော ۩

۩ အကျူဉ်းချူပ် ۩

۩ လစဉ်ဖတ်မယ် ۩