အတွေးထဲက ဟာသ ကဗျာများ-၂
ကျွန်တော်တို့ ကျောင်းသားဘဝမှာ ယောင်္ကျားလေးတွေအဖို့ ကတော့
ပျော်ရွှင်ဖို့ က အဓိက
စော်ကြည့်ဖို့ က ပဓါန
စာမေးပွဲက သင်္ခါရ
ဆောင်ပုဒ်ကို လက်ကိုင် ထားကြတာဆိုတော့၊ ကျောင်းတက်ရင်း၊ အတန်းလစ်ရင်း၊ စားသောက်ဆိုင်ထိုင်ရင်း
ကောင်မလေးတွေကို မျက်စေ့ အောက်ရောက်သမျှ( မရောက်လဲ လိုက်ရှာ ကြည့်ပါသည်။) မလွတ်တမ်း
လိုက်ကြည့်ရတဲ့ အလုပ်၊ သူ တို့ ကိုကြည့်ကြည့်ပြီး မြင်သမျှကို သုံးသပ်၊ ကိုယ်ထင်တာ ကိုယ်ခံစားမိတာ
တွေကို သူငယ်ချင်းတွေနဲ့  ဆွေးနွေး ဝေငှ ဖလှယ်ကြပြီး နေခဲ့ ရတဲ့ ဘဝဟာ ပြန်မရနိုင်တော့တဲ့ ၊ တွေးမိနေ
သရွေ့ လွမ်းမောရမယ့်  ဘဝမျိုး၊ ထီးဆိုင် သီချင်းငှားပြောရရင် ပျောက်ဆုံးသော နိဗ္ဗာန် ဘုံ ပေါ့ ဗျာ။
အခုချိန် ထိအောင်ပဲ ကျောင်းရှေ့ ရောက်တိုင်း လွယ်အိပ်နဲ့ ၊ ကျောပိုးအိပ်နဲ့  ကျောင်းသူ လေးတွေကို
အလိုအလျောက် လိုက်ငမ်း(အဲလေ) လိုက်ကြည့် နေမိတုံးပါ။ ဒါပေမယ့် မေးစရာ တော့ ရှိလာတယ်ဗျ
အပြင်မှာကော ကြည့်လို့ မရဘူးလားဆိုပါတော့၊ မတူဘူးဗျ၊ အပြင်ဘဝ ရောက်သွားတဲ့  ကောင်မလေး
တွေရဲ့ မျက်နှာတွေ အမူအရာ တွေ စိတ်ဓါတ်တွေ က ကျောင်း ဘဝ နဲ့  ကွဲပြားခြားနားသွားပြီ လေ ။
(အားလုံးကိုဆိုလိုတာမဟုတ်ပါ။) အဲဒါကို သေချာ ရှင်းပြချင်ပေမယ့်  ခေါင်းစဉ် ကို အားနာလို့ 
ကျွန်တော် လေမရှည်တော့ပါဘူး၊ နောက်မှ ကြုံရင် ဘယ်လိုတွေ ကွာတယ်ဆိုတာ ကျမ်းတစ်စောင်
ပေဖွဲ့  ပြီး ဝေငှပါဦးမယ်။ဟဲဟဲ၊
          အဲဒိ ကျောင်းသားဘဝ ရဲ့  လွတ်လပ်မှု၊ လတ်ဆတ်မှု ၊ အပူအပင်ကင်းမှု နွေးထွေးမှု၊ ကြည်နူးမှု
စတဲ့ အခြေအနေမျိုးတွေကို မြန်မာ့ အသံ ကျော်ဦးက ခုံကဗျာ တွေပါလို့  အမည်ပေးပြီး ရေးထားတာကို
တွေးမိလို့  သတိရသလောက်ပြောပြရရင်
မြောက်ပြန်လေညှင်း
ရိုက်ဆော်သွင်းတော့
ရှေ့ ထိုင်ခုံ ပျိုယမင်းတွေရဲ့ 
သင်းရနံ့ က မွှေး ။
ဒါကတော့ စာအတူသင် အတူထိုင်ဆိုတော့  အမှတ်တမဲ့  ရလိုက်တဲ့  ရနံ့ ကို သတိတရ မှတ်တမ်းတင်လိုက်တဲ့ 
သဘောပေါ့ ဗျာ
သနပ်ခါးရနံ့ 
နဂိုယဉ်
ပျိုခင်တို့ တွေကြောင့်
လေသင့်တိုင်းမွှေး ။
ဒါကတော့ သုံးသပ်ချက် တို့  ဝေဖန်ချက်တို့  ကောက်ချက် တို့  ပါလာပြီ၊ အော်ရီဂျင်နယ် တောင် လှလို့  ဆိုပဲ
သနပ်ခါးရနံ့ 
သူ့ ရနံ့ နှင့်
ပန်းနံ့ ပေါင်းစုံ
ဒီမွှေးပုံမျိုး
ဘယ်စက်ရုံကထုတ်နိုင်မလဲ။
ထင်ကြေးနဲ့ တင် မရပ်တော့ဘူး၊ မေးခွန်းတွေတောင်ပါလာပြီ။ ကောင်မလေးတွေများ နဲနဲ သဘောကျ လာမလားလို့ မြှောက်ပေးတဲ့ လေသံလို့ လဲ ထင်ချင် ထင်လို့ ရပါတယ်။
          စကားမစပ် ကျွန်တော် နှာချေချင်လာလို့ ။ ကျောင်းသူတွေရဲ့  မတူညီတဲ့ ကိုယ်သင်းနံ့ ၊ သူတို့ သုံးတဲ့ 
(စာရေးဆရာငြိမ်းကျော် သုံးလေ့ ရှိတဲ့  ဥရောပ နံ့ သာခဲ ရနံ) မိတ်ကပ်န့ံ၊ သနပ်ခါး ချစ်သူတို့ ရဲ သနပ်ခါးနံ့ ၊
အကယ်၍များ သူတို့ ခေါင်းပေါ်မှာ ပန်း တစ်မျိုးမျိုးများ ပါလာခဲ့ ရင် ပန်းရနံ့ ၊ ပြီးတော့ ရေမွှေးနံ့ ၊ ရိုးအွန်နံ့ 
နောက်ထပ် ကျွန်တော်မသိတဲ့  မိန်းကလေး အလှပြင် ပစ္စည်းနံ့ ၊ အောင်မလေး အဲဒိ ရနံ့ တွေသာ စုပေါင်းပြီး
လေသင့်ရာကိုများ ပါလာခဲ့ ရင် (ကိုယ်ကိုယ်တိုင်ကလဲ လေအောက်မှာ နေရာယူမှန်ခဲ့ မယ်ဆိုရင်ပေါ့ လေ)
စဉ်းစားရင်း တွေးရင်းနဲ့ ၊ ဟီးဟီးးး၊ အဲဒါကြောင့် ကျွန်တော်ပြောတာလေ နှာချေချင် လာပါတယ် လို့ လေ။
          အဲဒါတွေကတော့ နှာခေါင်းပိုင်းဆိုင်ရာပေါ့ လေ၊ ဟော  -မျက်စေ့ ပိုင်းဆိုင်ရာကျတော့
ခြေသလုံးမွှေးကထူထူ
ဖြူပါပေ့ သူ့ အသား ။
ဟန်နွဲ့ ယဉ်အသွင်ကြွ
လှရက်လေအား ။
မျက်စေ့ က ရေဒါ ပါနေလားမသိဘူး နော်၊ ခုခေတ်လို ဆိုရင်တော့ ပေါင်မွေးကထူထူ လို့ များ စပ်မလားမသိဘူး
ပဒုမ ဇာတ်ခင်းနေတဲ့ ပေါင်တိုတွေ ခေတ်စားနေလို့ လေ၊ အပြင်မှာကိုပြောတာပါ၊ ကျောင်းသူတွေကတော့
အဲလောက် မဆိုးသေးပါဘူး။
သေတ္တာနဲ့ နှစ်လုံး ။
မိဘတွေ အလွန်ဌေးလိမ့် 
တွေးမိမဆုံး ။
ဒါကတော့ အီကို ကျောင်းသားပဲဖြစ်ရမယ်။ တွက်တတ်ချက်တတ်လာလို့ ။ ယောင်္ကျားလေးတန်မဲ့  စပ်စုတတ်တယ် (စိတ်ဝင်စားတာကိုးး) ဒါမှမဟုတ် ဆားပုလင်းနှင်းမောင် လက်သစ်လဲ  ဖြစ်ချင်ဖြစ်မှာပေါ့ ။ ကျောင်းသားလေး တွေရဲ့  ဒီလို ပျော်စရာ အကျင့် လေးတွေဟာ အရင်ကလဲ ရှိခဲ့ ၊ ခုလဲ ရှိဆဲ၊ နောင်လဲ ပိုဆိုးလာမှာ သေချာပါတယ်။
          စာသင်ခန်းထဲက အခြေအနေကျတော့ တစ်မျိုးဗျ
အတူယှဉ်ကာ
ထိုင်နေပါလဲ
ငါ့မှာသူနှင့်မပါတ်သက် ။
သူကများ ရှင်းပြနေရတယ်ရှိသေး။ ကိုယ်က ပါတ်သက်ချင်မှတော့ ကြိုးစားမှပေါ့ ၊ မျက်စေ့ အစာကျွေး၊ အနံ့ ရှူ
စပ်စု နေရုံနဲ့ တော့ ကြာရင် အူရှီး ဘွဲ့ ပဲ ရမှာပေါ့ ၊ ညံ့ ပါ့ ၊ ကိုယ်နဲ့ များကွာပါ့ နော်။
           အဲဒိလို တယ်ရီယာ တို့ ခေါတော တို့ ကို ကြပ်ကြပ် အမြင်ကပ်လာပြီဆိုရင် အချင်းချင်း နှိပ်ကွပ်တော့တာပဲ
ဒါတွေကိုပဲ ရှုနေ
မင်းတို့ အဖေ ဆရာသင်တဲ့ 
စာစဉ်ကို စိတ်မဝင်စားရင်ဖြင့်
ချိန်လင့်ကာ စာတွေ လွတ်မှာပေါ့ 
ရူးသွပ်တဲ့ မောင်များ ။
မှတ်ကရော။
          ကိုယ်လိုသူလိုချည့်ပဲမထင်နဲ့ ဗျ၊ နောင်တစ်ချိန်မှာ သုတေသန ပညာရှင်လောင်းတွေလဲပါသေး။
သူတို့ ရှာဖွေစုဆောင်းမှတ်သားထားတဲ့  အချက်အလက်တွေက နောင်လာနောက်သားတွေအတွက်
ဗဟုသုတ ဘဏ်တိုက်၊ ကိုးကားရာအထောက်အထား တွေပေါ့ ဗျာ။ သူတို့ ရဲ့ သုတေသန ပြုချက်
တွေကို ကြည့်ပါဦး၊
ရွှေမြိုင်သူက့ အရမ်းစား  (ငတ်ကြီးကျတာ)
ရွှေမြိတ်သူက့ နှုတ်ခမ်းပါး (စွာတာ)
ရွှေမန်းသူက့ စကားများ (သာလိကာ ဝင်စားတာ)
ရှမ်းပြည်သူက့ ဖေါ်ရွေသား ( ကျွန်တော်တို့ အကြောင်းမသိသေးလို့  )
ရခိုင်သူက့ နုအသား (ရည်းစားဖြစ်ဖူးလို့ သိတာဖြစ်မယ်)
ကရင်ပြည်နယ်သူက့ လွန်ကြိုးစား (စာကြမ်းပိုးနဲ့ တွေ့ လိုက်တာနေမှာ)
ကချင်ပြည်နယ်သူက့ ဖွံ့ ဖွံ့ ထွားထွား ( အဲဒါတော့ လက်ခံတယ်)
ကယားသူက့ လှဝံ့ ကြွား (သိပ်မသေချာသလိုပဲ၊ ပဒေါင်မလေးတွေ မတွေ့ ဘူးလို့ နဲ့ တူတယ်)
မြေလတ်သူက့ မွှေးသနပ်ခါး ( မိတ်ကပ်ဖိုး မတတ်နိုင်လို့ နေမှာပေါ့ )
ရန်ကုန်သူက့ လှအဝတ်အစား ( နေတော့တဲကုတ်၊စားတော့ပဲပြုတ်၊ယားတော့ဝဲကုတ်၊ဝတ်တော့ဖဲကုတ်)
ငါတို့ ကတော့ ခေါတောသား (မှန်၏၊ပိုးစိုးပက်စက်ထောက်ခံ၏)
ခေါတောသားဆိုတာ အင်မတန် အကြည့်သန်၊ အကြည့်ရဲ တဲ့  သူ လို့ ပါ အဓိပ္ပါယ် ပြန်ပြလိုက်သေးပါတယ်။
အခုချိန်မှာတော့ ခေတ်နဲ့ အညီဖြစ်ဖို့  တစ်မျိုး လိုနေသေးတယ်ဗျ။ လက်သစ် သုတေသီ ကလေးများ
ဖြည့်စွက် ပေးကြပါ။ အဲဒါကတော့  "နေပြည်တော်သူ" ပေါ့ ၊ ဟားဟားဟား။
(တိုက်ဆိုင်မှုရှိနေကြရင် စိတ်မဆိုးကြေးနော်။)
နားဦးမယ်ဗျာ အခြေအနေပေးရင် နောက်မှ တွေးမိတာတွေဆက်ပြီးပြောပြချင်ပါသေးတယ်
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩