မယ်တော်နှင့်ကိုယ်တော်၊ ရှာပုံတော်ကွက်စိပ်
မင်္ဂလာအပေါင်းနဲ့  ပြည်စုံပါစေ သူငယ်ချင်းတို့ 
ကွက်စိပ်တစ်မျိုးနဲ့  လက်သိပ်ထိုး လို့ အရင်းအချာတွေကို
ဗျင်းတာလေးတွေကြားချင်ရင်တော့ နားဆင်ပါတော့ဗျို့
တကယ်တမ်းကတော့ မကွယ်တမ်းပြောရရင်
ထေ့ ထေ့ ငြိငြိ အလှောင်ကလေးနဲ့ 
စေ့ စေ့ ကြည့်ပြီး ပြောင်နောက် ပေးဖို့ 
အစွယ်လိုသူနဲ့ စေခိုင်းသူတွေရဲ့ ကြား
အကောင်းစားလေးကျွန်တော် လူပေါင်းမှားမိလေတော့
ငမိုက်သား ကညွှတ်နွယ် က အလွတ်တွယ်မိ လိုက်တာ ကိုဘဲ ဆဲကြပါတော့ဗျာ
အစကတော့ ပထမပေါ့ ဗျာ
မိုဘာဆိုက်တစ်ခွင်၊ ပြဲပြဲစင်လို့ ၊ တွင်းပြင်မချန်၊ ချောင်ကြိုထောင့်နား၊ ပတ်ကြားအက်ပါမကျန်
တစ်ယူဇနာပတ်လည်အတွင်း၊ ဖြူဝါရွှေအဆင်း၊ ဂုဏ်သိန်ဖျင်းတဲ့ 
မင်းသမီးက မယ်တော်
မင်းသားက ကိုယ်တော်ဆိုပဲ ဗျ
သူတို့ အကြောင်း ကို နှိုင်းစရာမရှိလောက်တဲ့  ဂိုဏ်းအာစရိ တွေက စေခိုင်းလေမှတော့
မဆိုင်းမနေသာပဲ၊ တိုင်းဌာနေ မိုဘာအတွင်း၊ လေ့ လာ ခြင်းသမှု ပြုရပေတော့မယ်ဗျာတို့ 
အဲတော့ကာ
ဗရုတ်သုက္ခ ဆိုင်းမှန်စီက၊ ဝိုင်းဟန်ပလီ ကလောင်ကြဲရအောင်၊
တစ်တောင်လောက်နှဲကြီးနဲ့ ကဗျာအသောညှပ်ပြီး
(ကိုင်း)
ဆယ်အိမ်မှူးရေ
ဝါယောဓါတ်ဖွင့်ပါဦး။
(၁)
ကဲ-ရောက်ပြီ
အိမ်းးးးး
ခေတ်ကာလတွေက အထီးအမ မှ မကွဲ၊ သမီးညီမ လွဲတတ်တော့
ဖုန်းကညာတစ်ပါး လုံးရာက ပြားပြား
ဖားကညာတစ်လုံး ပြားရာက လုံးလုံး
အီစကိုယ် ဖုန်းမောင့် အပြစ်လို့ သာမှတ်ပါတော့
အဲ
ပြောရင်းဆိုရင်းနဲ့ 
အလို- ဟိုရှေ့ က "လူကနှပ်ခွာစားနေတာ" မဟုတ်မှလွဲရော "သူရဿဝါ" ပဲဖြစ်ရမယ်၊ ဘေးနားက အသားအရေက "မှောင်နက် " နေတာက၊ တစ်ဖဝါးမသွေ ကပ်ပါတတ်တဲ့  "အောင်ထက်" ပါလား
အင်းးး- အသွေးအမြင်တွေအရ၊ ရုပ်မလှအောင်အဆင်းကနက်၊ ညှင်းကွက်က တစ်ဧက လောက်တွေနဲ့    လေကလည်း ခဏခဏထနေတတ်ကြတာဆိုတော့၊ သူတို့ ထဲကများ ကိုယ်တော်ဖြစ်လေမလား
မဖြစ်လောက်သေးပါဘူး၊  ဆက်ကြည့်ဦးမှပါလေ
(၂)
အဲလိုနဲ့  ဆက်သွားရင်း တောင်ကြည့်မြောက်ကြည့်နဲ့ ပေါ့ 
တွေ့ ပြန်ပြီဗျို့
ဒူးမချိပဲခါးကပျောက်၊ အစားမလောက်လို့ ထမင်းငတ်၊ အရင်းဖြတ်လို့ အဖျားမကျန်မယ့် ရုပ်တွေနဲ့  ငုတ်တုတ်ကြီး အလစ်ခိုးဖို့ စိုင်းပြင်းနေတဲ့ အဖြစ်ဆိုးခြင်းကင်းပြီး " ပြစ်မျိုးရှင်း" တဲ့  "မြစ်ကျိုးအင်း" ကြီးပါလားဟရို့ 
ဘေးနားက "ကတုံးကွက်ကွက်" က "ဟုမ်းမလက် " ထင်ပါ့ ၊ အပြုံးမပျက်သာ နှုတ်ဆက်လိုက်ရတယ်၊ ရုပ်အခွက်တွေက ကသုတ်ကရက်ကြည့်ရင်တောင် ဖုတ်သဘက် နီးပါး အန်ချင်စရာတွေမို့  သူတို့ ထဲက ကိုယ်တော်သာဆိုရင်တော့ ၊ ရွှေရင်စို့ ရချည့်ရဲ့ ဗျာ၊ ဆက်ကြည့်ဦးမှပါလေ
(၃)
အဲလိုနဲ့ 
ကွမ်းတံတွေးယဉ်ကျေးမှုတွေကို အစဉ်တွေးရှုလို့  ကွေ့ ရှောင် ကျော်ခွရင်း၊ ဆက်လျှောက်လာလိုက်တာ
အိုးမိုင်ဂေါ့ -
ဝေဒနာစွဲကပ်တာ ခုနှစ်နှစ်ရှိမယ့် ရုပ်၊ ငွေအသပြာနဲ့ ထပ်လောင်းရင်တောင် ကျွန်ဖြစ်မယ့် ရုပ်၊
ဇလုံထဲရှိနေရင်တောင် သွန်ပစ်ချင်တဲ့ ရုပ်၊ အို - ဆက်ပြောနေရင် ခေါင်းကွဲရချည့်ရဲ့
ကြည့်ပါဦးကွယ်ရို့ 
တစ်ထွာသာသာ ခရီးကို ညည်းညည်းညူညူနဲ့  တမေ့ "တမော" နားတတ်တဲ့  ဟို ရှေ့ နားက
ဒင်းကလေးတွေက မောတယ် ခဏခဏ ညည်းနေတာ မော်ဒယ် အဲလေ မယ်တော် ဖြစ်ချင်နေလို့  လားမသိ။
အဟိ
ဖြစ်သေးပါဘူး ဆက်ကြည့်ဦးမှပါ
(၄)
ဟိုက်
သူတို့ ထဲကလည်း ကိုယ်တော်ပါဟန်မတူပါဘူးလေ၊ ဆက်ကြည့်ပေဦးမှ
(၅)
အလို
သာလာယံ ကိုးခန်းဇရပ်ပျက်မှာ၊ ပုဆိုးနွမ်းပတ်လျှက်တစောင်းခွေ၊ ခေါင်းအနေကစုတ်ဖွား၊ စိတ်လှုပ်ရှားစရာပ၊ တစ်လုပ်မှမစားရတဲ့ ထမင်းငတ်နေသလို မြင်းကပ်ပုံနဲ့ " ကြိုးအကိုင်" မခံတာ အဲဒါ- ပုသိမ်က (ဟာလဝါကောင်) "စိုးပိုင်"  ကြီးပါလား၊ နာမည်ကိုက (တံတောင်နဲ့) "အသေကိုင်တွတ်" ချင်စရာ "စေပိုင်ထွဋ်" ဆိုဘ၊ဲ သူ့ ရုပ်သူ့ ရည်နဲ့ ခုနေတောင်အန်ချင်သေး၊ ကိုယ်တော်ဆိုဝေးသေး
ဟုတ်သေးပါဘူး
အင်းးးးးးးး
ကွက်စိပ်ဆရာလည်းမောလို့ အစသတ်ကာ ခေတ္တရပ်ဆိုင်းလို့ ဟတ်ဖဒိုင်းနဲ့ နားရအောင်
မင်းလမ်း အတွင်းစခန်း "မာဘို" ထိရောက်အောင်၊ စာဆိုကဝိတို့ က၊ ဂီတ သီချင်းတွေနဲ့ ၊ ဒီက ငပျင်း
အကောင်းစားလေးကျွန်တော့ကို ပို့ ပါဦး ရွာစားကျော်ရေ့
ဒုတိယ ကတော့ ဒုတိယ ပဲပေါ့ 
(၆)
ကိုင်း - ဆက်ကြစို့ 
တိန်
ဟိုဟာတွေက၊ အပျိုယမင်း မော်ဒယ်လေးတွေဆို (ခေါ်တောအားနဲ့ ) ငေးငိုင်ကြည့်ပြီး၊ အတွေးပိုင်ပိုင်နဲ့  "ကလူတေး" ဟစ်တတ်တဲ့ "အဖြူလေး" ဖြစ်နေ ပါလား
အန်
သူနဲ ပါလာတာက
ဘီးဆံပတ်ကလေးများ၊ မီးယပ်ဆေးစားပြီး၊ ဆီးစပ်ဘေးနား သွေးအောင့်သလို လေးထောင့်မျက်ခွက်ကြီးနဲ့  ပက်ပက်စက်စက် "ရှကီဖဲ "့ နေတာ "အမည်မဲ့ " နောင်တော်ကြီးပါလားနော် သူ့ ကိုကျားကန်ပြီးတွဲလာတာက "အဖေါ်ဆိုမငြင်းဆောင်" တတ်တဲ့  "ဇော်မင်းအောင်" ဆိုတဲ့ ငနဲပါလား ၊တန်မှသင့်မည်ပဲ၊ အတည်ပေါက်နဲ့ ဆက်ဖဲ့ မနေတော့ပါဘူး၊ မောတယ် ၊ အဲသုံးယောက်ထဲကလည်းကိုယ်တော် မဖြစ်လောက်ပါဘူးလေ
ဆက်လျှောက်ဦးမှ
(၇)
အင်းးး အတိုးနဲ့ ခွတီးနေမှတော့ ဝဖီး လို့ နေလောက်ရော့ မယ်၊ အစားဘဝများမှာ စံမမှီတွက်ချင့်တော့ ဆန်တစ်ပြည်ချက်တောင် ချိုး(ဂျိုး) မကျန်လေမှတော့ (သယ်ရင်းရေ) အရိုးချန်ပါဦးလို့  ပြောရလောက်တဲ့ သူ့ အဖေါ်က တော့ တွေ့ သမျှဘွိုင်းတွေကို "အကြမ်းပတမ်းကြူ" တတ်တဲ့  "နန်းခမ်းဖြူ " ပါလားနော်
သူတို့ လည်း မယ်တော်ရုပ်မပေါက်လေတော့
ဆက်လျှောက်၊ ဆက်လျှောက်
(ဂ)
ဟောဗျ သူကတစ်မျိုး
အချမ်းတက်ပြီးအဖျားရောက်၊ အစားအသောက်ပျက်လို့ စိတ်မခိုင်၊ မအိပ်နိုင်တာအလွန်ကြာလို့  နွံမှာမြူးတတ်တဲ့ ကျွဲအိုလို (ဆဲဆိုချင်ဆိုပါစေတော့) လဲပြိုမလိုသူဟန်ဆောင်၊ မှန်ကြောင်ပုံ နဲ့  "ဇရာအိုက ငါးပိကင်ရှု" မိတဲ့  အထာမို့ (သေချာတယ်) "ဘာကိုမှမသိချင်သူ" ကညာလေးပါလား
အိမ်းးးး
သူကလေးကတော့ဖြစ်နိုင်ခြေရှိသဗျို့
ဟီးဟီး
(လက်ကွက်(သိုင်းကွက်) အသစ်မပိုင်ရင် ဓါးမထုတ်သလို
အင်းးးး
တဖြေးဖြေးနဲ့  အချိန်နဲလာပါပေါ့ ၊ ကျိန်ဆဲစာ မန့် မန့် မတက်ခင်
ချင့်တွက်ကာ အချိန်မဆိုင်းလိုဘူး၊ စိန်ပဒိုင်းဝိုင်းမဟေက၊ ဆိုင်းကဝေကိုကြိုးညှိကာ အခမ်းအနားနဲ့ ၊ (ကဲ) ပန်းတံခါးဖွင့်စို့ ဗျားး
(၉)
အိမ်းးးးး
"လေပျက်ရူး" ကာ "လေခြိမ့်ခြိမ့် အော်" သံမြည်အောင်ထုတ်တတ်တဲ့ 
"မေခက်ဆူး" နဲ့ "မေသိမ့် သိမ့် ကျော် " တို့ ပေါ့ လေ
နံလိုက်ပါ့ ကွယ်ရို့ ၊ ဖြစ်သေးပါဘူး၊နှာခေါင်းကင်ဆာမဖြစ်ခင် လစ်ဦးမှ၊လစ်ဦးမှ
(၁၀)
အလို-
အာသဝေါကင်းသလို အယဉ်အချောတွေကိုမှ ပဉ္စဝေါ အပုပ် ဆို အပြစ်အနာအတိဖွဲ့ တတ်ပြီး ချစ်စရာမရှိတဲ့  ရုပ်သဏ္ဍာန်ခပ်တုံးတုံးတွေပါပဲ၊ သုဿာန်အဆုံးသွားမယ့်သူတွေပါလို့ တွေးထင်နေတတ်တဲ့ မျက်နှာပိုင်ရှင်တွေက အပျို"ဆောင်တွေကြမ်း" သွားသွားတိုက်တဲ့  "မောင်ရေချမ်း" အမိုက်စားပေပဲ၊ အဲ-ပါသေးသဗျို့  မယ်တော် ကို "အတွင်းတိမ်" မျက်စေ့ နဲ့ ရှာနေတဲ့ " လဂွန်းအိမ် " ပန်းချီဆရာပေါ့ ဗျ၊ ဟောနောက်တစ်ယောက်က ဘူများလည်းမှတ်တယ်၊ အချိန်မလပ်၊ အကြိမ်ကြိမ်ထပ်လို့  သူ့ ပစ္စည်းသူ (သူ့ လက်ထဲက သေနတ် ကိုဆိုလိုပါသည်) "ဆော့ကာ" ဆော့ကာ နဲ့ ပါလာတာ "ရော့ကာ" ကြီးပေပဲ၊ ဟိုက်-ကျန်သေးသဗျို့ နောက်ဆုံးပိတ်အိပ်နဲ့ သယ်မှာက ကောင်မလေးဆိုရင်ပြီးရော၊ နီးသောဝေးသောမသိ၊ "ခုမြင်ခုချစ်" တတ်တဲ့  "သုသျှင်သစ်" ပါလားဗျို့
အင်းးးးသူတို့ ထဲကများ ကိုယ်တော်ဖြစ်လာလေမလား
ဖွဟဲ့ ၊ လွဲပါစေဖယ်ပါစေဗျာ
ကွက်စိပ်ရဲ့ နောက်ဆုံးပိုဒ်ကတော့ အဆုံးသတ်ပေါ့ နော့ 
ကိုင်း
ဈာန်ရတဲ့ ရသေ့ တောင်၊ ပြန်ကျကာ ဘာဝနာလွတ်ရအောင်၊ တဏှာညွတ်နဲ့ ကျော့ ထောင်ကွင်းမှာ အချော့ အနှောင်နဲ့ မြှူဟန်ပြလို့  ရူပံလှတာတွေကို လိုက်လိုက်ပြီးမပျက်ရှုလို့ ရှာလိုက်တာ စက္ခုတောင် ပါဝါတိုးလို့  ကလောင်ရိုးတောင်ကျိုးလုခမန်း ဖြစ်နေပါပေါ့ လား
(ကိုယ်တော်ကိုလည်းရှာပါ၏)
တစ်နေဝင်ကာတစ်မိုးချုပ်ပါပေါ့ ၊ ပုဆိုးစုတ်နဲ့ ၊ အမျိုးယုတ်ကျွန်တော့ ရဲ့ တာဝန်ချိန်ကုန်လေတော့
ကိုယ်တော်နဲ့ မယ်တော် ရှာပုံတော်အတ္ထုပ္ပတ္တိဟာဖြင့်
(ဒီလောက်နဲ့ ပဲ)
သရုပ်ဇာတ်တော်တန်ချိန်သင့်ပါပေါ့ ၊ လျှံရှိန်ဝင့်ကာ အမြင်မသာယာတဲ့  အင်ပါယာ ဝိုင်းအဖွဲ့ က၊ ဆိုင်းအလှည့် ပတ်ဟိန်းလွှမ်းလို့ ၊
(ပရိတ်သတ်တို့ ရေ)
ဇာတ်သိမ်းခန်းလေး ခွင့်ပြုပါတော့ဗျားးးး
စာကြွင်း-
(၁)          တတ်လို့ ရေးတာမဟုတ်ပါ ၊ကြပ်လွှန်းလို့  ဖတ်ဖူးခဲ့ သော ကွက်စိပ်တွေထဲက လက်ကြိတ်ထိုးတုပလို့ (ခိုးချပြီး) အခုမှရေးခဲ့ တာဖြစ်ပါကြောင်း
(၂)         မည်သူ့ ကိုသာစေ၊ မည်သူ့ ကိုမသာစေ သဘောမျိုးနဲ့ မဟုတ်ပဲ အားလုံးကို နာစေချင်တဲ့ ဆန္ဒနဲ့ ရေးခဲ့ တာဖြစ်ပါကြောင်း(ဟီး)
(၃)          ရယ်စရာသဘောနဲ့  အသောစွက်ရေးတာဖြစ်လို့  အမောဖက်ကာ စိတ်ကောက်သူတို့  အား ထိပ်ခေါက်ကာ ဒဏ်ပေးချင်ပါကြောင်း
(၄)          ရေးရတာဈာန်ကုန်သွားတာရယ်၊ စာမျက်နှာငဲ့ ရတာကြောင့် ကျန်ရစ်ခဲ့ လေသော သူငယ်ချင်းများ ကံကောင်းသွားသည်ဟုမှတ်ယူ နှလုံးသွင်းစေလိုပါကြောင်း
(၅)          ထိခိုက်နစ်နာသည်ဟုမှတ်ယူသော သူငယ်ချင်းများအား အနူးအညွှတ် တောင်းပန်ပါ၍ ခွင့်လွှတ်ပေးစေလိုပါကြောင်း
(၆)          သူတစ်ပါးအတွက်ရေးကွက်ကိုဖတ်ကာပြုံးရယ်ဟားပြီး ကိုယ့်အတွက်ရေးချက်ကို ဖတ်ကာမုန်းတယ်တအားလို့ ဆိုသူများ နောင်ဘဝမှာ အပျိုကြီးလူပျိုကြီးများဖြစ်ပါစေကြောင်း
(၇)         သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါကြောင်း။
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩