ဤမှန်သောသစ္စာစကားကြောင့်
ထာဝရငါ ကြည့် ချင်ပါ၍
မျက်ဝန်းထဲမှာ    စူဇကာ ။
ငါ့ မှာသွေးသား နှလုံးသားကို
အားလုံးမင်းထံ နှင်းအပ်ချင်၍
ရင်ဘတ်ထဲမှာ ဝေဿန္တရာ ။
သို့ သော်လဲလေ
မပိုင်ရဲ ဝံ့  မပြောဝံ့ တော့
ရှက်ရွံ့ တိုးတိတ် ငါနှုတ်ဆိတ် လို့ 
တိတ်တခိုးနဲ့  စိုးမိုးသူအား
နှလုံးသားမှာ ချစ်ပါသော်လည်း
နှုတ်ဖျားမှာက မဟာတေမိ ။
(ဒါပေမယ့်  တစ်ခွန်းတော့ပြောလိုက်ပါရစေ)
နောက်နောင်အဆုံး တစ်သက်လုံးမှာ
ချစ်ဆုံး မင်းမှ လွဲပါရလျှင်
“မ” ဟူသမျှ ရှောင်ရပါလို၏
ငါ့ မှာ အမြဲတမ်း ဝေရာမဏိ ။          ။
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩