ပြန်ပြောချင်တဲ့  ချစ်ဒုက္ခ
ချစ်တဲ့ သူငယ်လေ
သူငယ်ချင်းကောင်း ရောင်းရင်းတို့ ရေ
သူ့ ကိုဟယ်
အစ်မ ကြီးနဲ့ အမေကြီးဖျက်လို့ 
ရစ်ခွေမစီး မေတ္တာစမ်းပျောက်ပျက်
ရှောင်ထွက်နည်းငယ်မှ စေ့စုံ
သူ့ မောက်မာပုံက
ကျောက်ခဲ သဏ္ဍာန် ထင်ရတယ်
သူ့ နှလုံးသားမှာ
မြသားသဏ္ဍာန် စိမ်းတော့တယ်
သူ့ အသဲအိမ်မှာ
စိန်ခဲသဏ္ဍာန် ရှိတော့တယ်
သူ့ ဦးနှောက်မှာ
သံယောက်သွားလိုမာတော့တယ်
အဲတော့ကွာ
သူ့ အချစ်ပွင့်ဟာ
ကြယ်ပွင့်သဏ္ဍာန်ဝေးတော့တယ်
ပေါ့ 
အင်းးးးးးးးးးးး
ငါလည်းဘယ်လိုလုပ်ရပါ့ 
သူလဲဘယ်ပုံရှောင်မည်ပ
နေ့ စဉ် ဆည်းဆာ
သူ့ အိမ်ယာသို့ 
သွားပါများတော့  ချောင်းပေါက်မတတ်
ကြည့်ဖန်များတော့ မျက်ပြူးမတတ်
ရှာဖန်များတော့ မျက်မွဲမတတ်
မြင်ဖန်များတော့ လူသိမတတ်
တံခါးပိတ်တော့ အမောမရပ်
(ထားပါတော့လေ့ 
ထားလိုက်ပါတော့)
ဒီလိုနဲ့ လေ
တစ်ညနေမှာ ဖူးမျှော်ရန်အသွား
ဆူးကိုင်းကထူ
ခွေးကဆူနဲ့ 
ချစ်သူမျက်နှာကို
ဖွေရှာစဉ် ဆူးစူးမိတာက
ပြောင်းဖူးခင်းအလယ်မှာပါ
(မနူးမနပ်ကလေးရဲ့ အိမ် အနောက်မှာပေါ့ )
သြော့့်  လောက လောက
ငှက်မသိ ဆက်ရက် ကိုချိုး ထင်
အချက်မသိ တော့ သားမက် ကို သူခိုးထင်
(ဟဲဟဲ)
ရှေးရိုးစကားလိုပ
ဆူးအဖျားတစ်စ အသားမှာကျန်တော့
မာန်တင်းကာလျှောက်ခဲ့ ပေမယ့် 
နောက်အဆုံးမခံနိုင် မြေမှာထိုင်လို့ 
ခြေကိုကိုင်ဆူးနှုတ်စဉ် အချိန်ပ
ဝှီးးးး ဖုတ် -ဆို လောက်စာ လုံးကြောင့်
ဟုန်းခနဲ ဒေါအကြွ
အသာထ ကြည့်စဉ်
လောက်လေး တပြင်ပြင်နဲ့ 
သမီးရှင်ယောက္ခမကိုမြင်တော့
ခြေနာပင်မေ့ လျော့ 
(ဆူးမထွင်တော့ပဲ)
အသော့ပင်အပြေးမှာ
လုံချည်ကိုခွေးဆွဲလို့ 
ပုဆိုးပြဲ မကြည့်အားပဲ
ပြေးပွဲတစ်ခု နွဲခဲ့ ရဘူးတယ်လေး ။
ချစ်တဲ့ သူငယ်လေ
သူငယ်ချင်းကောင်း ရောင်းရင်းတို့ ရေ
သူ့ ကိုဟယ်
အစ်မ ကြီးနဲ့ အမေကြီးဖျက်လို့ 
ရစ်ခွေမစီး မေတ္တာစမ်းပျောက်ပျက်
ရှောင်ထွက်နည်းငယ်မှ စေ့စုံ
သူ့ မောက်မာပုံက
ကျောက်ခဲ သဏ္ဍာန် ထင်ရတယ်
သူ့ နှလုံးသားမှာ
မြသားသဏ္ဍာန် စိမ်းတော့တယ်
သူ့ အသဲအိမ်မှာ
စိန်ခဲသဏ္ဍာန် ရှိတော့တယ်
သူ့ ဦးနှောက်မှာ
သံယောက်သွားလိုမာတော့တယ်
အဲတော့ကွာ
သူ့ အချစ်ပွင့်ဟာ
ကြယ်ပွင့်သဏ္ဍာန်ဝေးတော့တယ်
ပေါ့ 
အင်းးးးးးးးးးးး
ငါလည်းဘယ်လိုလုပ်ရပါ့ 
သူလဲဘယ်ပုံရှောင်မည်ပ
နေ့ စဉ် ဆည်းဆာ
သူ့ အိမ်ယာသို့ 
သွားပါများတော့  ချောင်းပေါက်မတတ်
ကြည့်ဖန်များတော့ မျက်ပြူးမတတ်
ရှာဖန်များတော့ မျက်မွဲမတတ်
မြင်ဖန်များတော့ လူသိမတတ်
တံခါးပိတ်တော့ အမောမရပ်
(ထားပါတော့လေ့ 
ထားလိုက်ပါတော့)
ဒီလိုနဲ့ လေ
တစ်ညနေမှာ ဖူးမျှော်ရန်အသွား
ဆူးကိုင်းကထူ
ခွေးကဆူနဲ့ 
ချစ်သူမျက်နှာကို
ဖွေရှာစဉ် ဆူးစူးမိတာက
ပြောင်းဖူးခင်းအလယ်မှာပါ
(မနူးမနပ်ကလေးရဲ့ အိမ် အနောက်မှာပေါ့ )
သြော့့်  လောက လောက
ငှက်မသိ ဆက်ရက် ကိုချိုး ထင်
အချက်မသိ တော့ သားမက် ကို သူခိုးထင်
(ဟဲဟဲ)
ရှေးရိုးစကားလိုပ
ဆူးအဖျားတစ်စ အသားမှာကျန်တော့
မာန်တင်းကာလျှောက်ခဲ့ ပေမယ့် 
နောက်အဆုံးမခံနိုင် မြေမှာထိုင်လို့ 
ခြေကိုကိုင်ဆူးနှုတ်စဉ် အချိန်ပ
ဝှီးးးး ဖုတ် -ဆို လောက်စာ လုံးကြောင့်
ဟုန်းခနဲ ဒေါအကြွ
အသာထ ကြည့်စဉ်
လောက်လေး တပြင်ပြင်နဲ့ 
သမီးရှင်ယောက္ခမကိုမြင်တော့
ခြေနာပင်မေ့ လျော့ 
(ဆူးမထွင်တော့ပဲ)
အသော့ပင်အပြေးမှာ
လုံချည်ကိုခွေးဆွဲလို့ 
ပုဆိုးပြဲ မကြည့်အားပဲ
ပြေးပွဲတစ်ခု နွဲခဲ့ ရဘူးတယ်လေး ။
0 comments:
Post a Comment