ရည်းစားစကား
မလေးကို မောင်မရတာဖြင့် 
မြို့ မြောက်က သပြေပင်
ဇွဲချသေချင် ။
ကြိုးခွေတွေ လည်မှာသိုင်းပါလို့ 
မောင်သေမယ် သပြေကိုင်းမှာကွယ်
ကျီးဖိုမဝိုင်း ။    ။
          နင်ကမှ ငါ့ကိုမချစ်နိုင်ဘူးဆိုရင်တော့ ငါ့ ဘဝဟာ ရှင်လျှက်နဲ့ သေ၊ မြင်လျှက်နဲ့ ကွေ
ရင်ဟက်တက် ကြေ ရတော့မှာ ဆိုတော့ လူ့ ပြည်ငြီး လို့ နတ်ထီးစံ တော့ မယ်ကွာ ဆိုပြီး
အားနာ ချစ်ပဲဖြစ်ဖြစ်၊ သနားချစ်ပဲ ဖြစ်ဖြစ် မရ၊ ရသကာ ချိုင် မယ်ဆိုပြီး တော့ပေါ့ ။
          ကျွန်တော် ဒီတစ်ခါ ပြောပြဖို့ တွေး မိတဲ့ အကြောင်းကတော့  ချစ်သူ ရည်းစားတွေ၊
          ကျွန်တော်က ဖတ်ခဲ့ ဘူးတဲ့ ကဗျာလေးတွေကို ပြန်တွေးကြည့် ၊ ပြီးတော့ ကိုယ်ခံစားမိတာ၊
ထင်ရာမြင်ရာတွေ ကို ကဗျာဆောင်းပါး ဆိုပြီး ကိုယ့် ဘာသာ ပိုက်ဆံမပေးရတိုင်း ကင်ပွန်းတပ်ပြီး အရူးချေးပန်း လျှောက်ပြော နေတာဆိုတော့ အခုလည်း ဒီကဗျာလေးတွေက ဘယ်လို အကြောင်းခံနဲ့  ဖြစ်တည်လာသလဲတော့ မသိဘူးပေါ့ ဗျာ ကျွန်တော်ကတော့ ကိုယ့် အတွေးနဲ့ ကိုယ် ရမ်းကြိတ်ပြီး ရည်းစားစကားလို့ တောင် ခေါင်းစဉ် ပေးလိုက်ပြီဗျို့ ။
          လူသားမှန်သမျှ အချစ်နဲ့ မကင်းကြတာတော့ အမှန်ပဲဗျ ။ အသားအရောင်တွေ
ဘယ်လိုပဲကွဲကွဲ၊ နေရပ်တွေ ဘယ်လောက်ပဲ ကွဲကွဲ၊ ပြောဆိုကြတဲ့  ဘာသာစကားတွေ
ဘယ်လောက်ပဲ ကွဲကွဲ ။ ရင်ဘတ်ထဲက ချစ်တတ်တဲ့ နှလုံးသားဟာ သစ်သားနဲ့ မှ လုပ်ထားတာ
မျိုး မဟုတ်ဘူးဆိုရင် ချစ်တတ်ကြတာချည့်ပါပဲ ။ ချစ်ပုံချစ်နည်း ကွာချင်ကွာမယ်၊ အချစ်အကြောင်း
ပြောတဲ့  ဘာသာစကား ကွာချင်ကွာမယ်၊ ချစ်တဲ့ အကြောင်း၊ ရည်းစားရဲ့ အကြောင်း၊ ပြော ကြ ၊
ခံစားကြတာတွေကတော့ဖြင့် အဓိပ္ပါယ် သဘောတရားတွေကတော့ အားလုံးသိကြသလို ပါပဲ။
ဒါမျိုးတွေပါပဲ၊ အတူတူ ပါပဲ ။
          အဲတော့ လောလောဆယ် ကျွန် တော် မြန်ပြည်ဖွား တိုင်းရင်းသားတစ်ချို့ ရဲ့  အချစ်နဲ့ 
ပါတ်သက်တဲ့ ၊ အချစ်အကြောင်း၊ ချစ်သူရည်းစားတို့  ခံစားသွားခဲ့ ကြတဲ့  တေး ကဗျာ၊
          ကချင်လူမျိုး ကောင်လေးတွေ ရည်းစားရှာပုံတော်ဖွင့် ခန်း ကို ဖတ်ကြည့်ကြပါဦး။
အပျိုရှိရာ ကြိမ်ခွေစုတယ်
လူပျိုရှိရာ ဓါးလွယ်စုတယ်
တောင်ယာမှာကွယ် သီးနှံစားမယ်
အပျိုကိုလဲ လိုက်ရှာတော့မယ်
သီးနှံတွေက ပေါတယ်ပေါတယ်
အပျို ကိုတော့ ရှာမတွေ့ တယ်
အပျို ရှိတဲ့ နေရာဟာကွယ်
တောင်ယာတောနဲ့  ရွာသာယာရယ် ။
          ကဲ- ရှာလို့ တွေ့ ပြီပဲ ထားပါတော့၊ ချက်ချင်းနဲ့ တော့ အဆင်ပြေလိမ့် မယ်များ
ထင်နေကြသလား၊ နိုးပါ၊ မျက်နှာချင်းဆိုင် နှစ်ယောက်တည်း တွေ့ မှ ကိုယ်ပြောချင်တာ
နေပေတော့ ။
လေပြင်းရယ်ထန်
ငွေနှင်းရယ် ခြုံကာလွှမ်းပါလို့
ခိုက်ခိုက်တုန်ချမ်း ။
ဖြုတ်ခြင်တွေပေါလှတယ်
ချောနှမ သင်္ဂီရယ်
မောင်ဝင်ချင်ပြီကွဲ့  မယ့် စက်ခန်း ။
          ဆိုင်လားမဆိုင်လား တော့ မသိဘူးဗျာ၊ "မီးလုံးလေးနဲ့ လိုက်ကာလေးတွေ
လှောင်ရယ်ကြပါစေ ကိုယ်မမှုပဲ တီးခတ်မယ်" ဘာညာ ပေါ့ ဗျာ၊ အဲဒိသီချင်းကို သတိ
          ဟော- ကယားကောင်လေးက ကယားမလေး ကိုတွေ့ တော့ စောင်းချိတ်ပြီး
ဘယ်လိုပြောလဲ ဆိုတော့
ဘီမောရီကရောတာတူ
မယ်နတူးဒယ်တာတားဆူ
တယ်နီတယ်တို့ မိုလို့ 
ချေပေထားပေါ့ အာမာ
မထားစေစီးကေမီ
စိန်ခြေကြယ်တို့ ပိုပဲ့ ။
          ခပ်တည်တည်နဲ့ လိုရင်းတိုရှင်း ဘာသာပြန်ရမယ်ဆိုရင်(ဟီးဟီးးးး) ထင်းခုတ်
ရေခတ်သွားရင်း ဖမ်းမိလာတဲ့ ငါးကလေးက ညောင်ပင်ပေါ်ကိုခုန်ထွက်ပြေး၊ညောင်ပင်
ပေါ်ရောက်တော့ ငှက်စိမ်းကလေးဖြစ်သွား၊ မင်းကလေး(ကယားမလေးမောင့်ချစ်သူ)
ဟာ မောင့်ကို ငါးကလေးလို ခုန်ရှောင်မသွားပါနဲ့ ၊ငှက်စိမ်းကလေးလိုလဲ မစိမ်းကားပါနဲ့ ၊
တဲ့ ၊ နောက်တစ်ပိုဒ်ကိုတော့ ရိုက်ရတာခက်တာရယ်၊ ရှည်တာရယ်ကြောင့် တစ်ပိုဒ်လုံး
ကို ရိုက်မပြတော့ဘူးဗျာ နောက်ဆုံးသုံးကြောင်းလောက်ပဲရိုက်ပြပါတော့မယ်၊
ကလောတိုက်မယ်တာလီပရီဖူး
စဲထဲစာလီပူးပလီဖိုထမာပူတစိုး
ထောတာကဲဘိုမိုလေဒဲထိုးဘရာမိုးမောလိုး
          ထပ်ရွီးပြမယ်ဗျာ၊ ကံတရားကြောင့် တစ်နေ့ မင်းကလေးငါ့ဆီရောက်ရမယ်၊
မင်းသည်ငါ့ ချစ်သူမြန်မြန်ဖြစ်ပါစေသား ဘာညာပေါ့ ။
          ကျွန်တော်ကတော့ သေချာပေါက် မျှော်လင့်ချက်လို့  မြင်လိုက်မိပါတယ်။
အခြေအနေပေးရင် ကျန်တဲ့ တိုင်းရင်းသားတစ်ချို့ ရဲ့ ရည်းစားစကားများကို ပြောပြချင်ပါသေးတယ် ။
          တိုင်းရင်းသားတို့ ရဲ့  ဘာသာစကားတွေကို မြန်မာလို အသံဖလှယ်တဲ့ အခါမှာ၊ လွဲတာမှားတာ
ရှိခဲ့ မယ်ဆိုရင် ကူးချမတတ်တဲ့ ကျွန်တော့ရဲ့ ချွတ်ယွင်းချက်မို့ ကျွန်တော့ကိုသာ အပြစ်တင်ပါခင်ဗျားးးးးး။
အခုပြောပြနေတဲ့  တေးကဗျာတွေကို
(က)     ၁၉၇၅ ခုနှစ်ထုတ်၊" တိုင်းရင်းသား၏တူညီသော ရိုးရာဓလေ့ ထုံးစံများ"
(ခ)      ဒါရိုက်တာမြင့်မောင် ၏ ကယားတို့ ဌာနီငွေတောင်ပြည်၊ (၁၉၆၆)
ဆိုတဲ့ စာအုပ်တွေထဲက ကူးချ ဖေါ်ပြ ဝေငှ ထားတာဖြစ်ပါကြောင်း။
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩