ချစ်သူဖတ်ဖို့ ကိုယ်ရေးကိုယ်တာ
နှစ်နှစ်ကာကာ
ချစ်သစ္စာစလွယ်ချည်လို့ 
တွယ်သီကာ မေတ္တာပန်း
လန်းဆန်းပါစေ။
အကြင်နာသမုဒယ
ရင်မှာယုယလို့ 
အနုအလှ ချစ်တေးပန်းချီ
လှစ်ကြွေးသီကာ ကမ္ဘာသုဉ်း
ဆုံးခန်းတိုင်စေ။
ဘဝတစ်လျှောက် အပြုံးပိတ်ဖုံးလို့ 
အမုန်းဆိတ်သုဉ်းကာ မြတ်နိုးကြောင်း
ထပ်တိုးလောင်း ကတိချွေ
ပီတိဝေလို့ ချစ်မငြီး။
သံသရာ ခရီးတစ်လွှားမှာ
ဇနီးမယား မင်္ဂလာနဲ့ 
သမီးသား အလင်္ကာတို့ 
ရင်မကွာ ဘယ်ညာရံခြင်းကိုလ
ထယ်ဝါဟန်အစဉ်တွေ့ လျှင်ဖြင့်
မေ့ ရင်မှာ အတောမသတ်မပြီးတဲ့ 
ငြိမ်းသောကမီး။
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩