ကာရန်မဲ့ တဲ့ အလွမ်း


နင့်မှာကျစရာ
ငါ့လို မျက်ရည်မရှိဘူးလားဟင်

ကိန္နရီနဲ့ ကိန္နရာတို့ 
တစ်ညတာကြောင့်
ရက်ခုနှစ်ရာဆွေး
သူတို့ 
ငိုကြွေးဖူးခဲ့ကြတယ်တဲ့ 

သူတို့ မျက်ရည်
သက်သေ တည်ကျိုး
ငိုဆွေးရကျိုး နပ်ပါတယ်

တစ်ယောက်ထီးတည်း
ငိုညည်းလောင်မြိုက်
နေရခိုက်တွင်
ကြင်သူ တစ်ယောက်
မလွမ်းလောက်၍
ပျော်မွေ့ နေသော်
စေ့ စေ့ စဉ်းစား
အတွေးပွားလျှင်
တရားမျှတ ရှိပါ့ မလား။

ငါ့ထံကို မလှမ်းလာပါနဲ့ 
အလွမ်း ဆိုတဲ့  ဂြိုဟ် ကောင်ရဲ့
ဆိုပြီး
ငိုမယောင် အပြောနဲ့  ချွဲ ပြရင်တောင်
တားမရစကောင်းဘူးဆိုတာ သိနေတယ်လေ
ဒါပေမယ့် 
ဒေါသနဲ့  မာန ကို ခါးစည်းပြီး
အလွမ်းဆိုတာကို
တားဆီးမယ်ဆိုရင်
အင်းးးးးးးးးး
နဲနဲလောက် တော့ ရမယ်ထင်ပါတယ်။

ချစ်သူရေ့

0 comments:

Post a Comment

Powered by Blogger.

۩ Time ۩

ကညွှတ်နွယ်(ထီလာ)

۩ သိစေချင် ۩

ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..

۩ Followers ۩

۩ လာလည်နေသူတွေ ۩

۩ အဖတ်များသော ۩

۩ အကျူဉ်းချူပ် ۩

۩ လစဉ်ဖတ်မယ် ۩