မြန်မာ့သင်္ကေတ မြဝတီစောင်း
          ရုပ်ရှင်တွေထဲမှာဆိုရင် ပြလိုတဲ့  နေရာဒေသကို ကြည့်ရှုမယ့်  ပရိတ်သတ်တွေ သိစေဖို့ 
အဲဒိဒေသရဲ့ ကြော်ကြားတဲ့ ၊ ထင်ရှားတဲ့ ၊ သူသိများတဲ့ ၊ အထိမ်းအမှတ်ဖြစ်ဖြစ်၊ ပစ္စည်းဖြစ်ဖြစ် ၊
အဆောက်အဦဖြစ်ဖြစ် ရိုက်ပြလေ့ ရှိပါတယ်။
               ဖူဂျီယာမ မီးတောင် ဆိုရင် ဒါဂျပန်ပဲ၊ မဟာတံတိုင်းကြီးဆိုလဲ ဒါ တရုပ်ပြည်ပဲ၊ ပိရမစ်
တွေဆိုရင် ဒါ အီဂျစ်ပြည်ပဲ၊ တဂ်ျမဟာ ဆိုရင်လဲ ဒါ အိန္ဒိယ ပဲဆိုတာ ကြည့်တဲ့သူတွေ
အလိုအလျောက် သိသွားကြတယ်လေ။ အီဖယ်လ် မျှော်စင် ကို မြင်လိုက်ရုံနဲ့  ဒါဟာ ပြင်သစ်က
ပဲရစ် ဆိုတာ၊ လစ်ဘာတီ ရုပ်ကိုမြင်တာနဲ့  အမေရိကန်က နယူယော့  ဆိုတာ အလိုလို သိနေကြ
တယ်လေ။ အဲဒါတွေက သူတို့ နိုင်ငံတွေက ပိုင်တဲ့  သူတို့ ရဲ့ အထိမ်းအမှတ်၊ သင်္ကေတ တွေ ဖြစ်
နေလို့ ပါပဲ။
               ဟော - ကျွန်တော်တို့  မြန်မာပြည်မှကျတော့ ရွှေတိဂုံတို့ ၊ ကရ၀ိက် တို့  ဆို ရန်ကုန်မှန်း
နေရပြီဆိုရင်တော့  ပုဂံပဲလေ။
               အဲဒီလိုပါပဲ မြန်မာ့ ဒေသအသီးသီးမှာ ထင်ရှားတဲ့  ကိုယ်စားပြုတဲ့  အထိမ်းအမှတ်တွေ
အများကြီးပါ။ ဥပမာဗျာ မနောတိုင်တွေဆိုရင် ကချင်၊ ဖားစည်နဲ့ ဇွဲကပင်တောင် ဆိုရင်ကရင် ၊
အင်းလေးအိုင်ဆို ရှမ်း၊ တောင်ခိုးတွေနဲ့  တောင်ဇလပ်တွေဆိုရင် ချင်း၊ ငပလီနဲ့  မြောက်ဦးက
ဘုရားအို တွေဆိုရင် ရခိုင်၊ ဆလုံ ဓလေ့ နဲ့  ပုလဲတို့ ဌာနီ ဆို တနင်္သာရီ၊ ကျိုက်ထီးရိုးဆို မွန် ၊
ပုပ္ပားတောင် ကြီးဆိုရင် အညာ ဒေသမှန်း လူတိုင်းသိနေကြတယ်လေ။
               အဲလိုသိနေကြတာက အဲဒိအရာတွေဟာ အဲဒိဒေသတွေရဲ့  အထိမ်းအမှတ်၊ သင်္ကေတ
ပြယုဂ် တွေ ဖြစ်နေလို့ ပါပဲ။
              နိုင်ငံတိုင်းလူမျိုးတိုင်းမှာ များသောအားဖြင့် သူတို့ ရဲ့ အမှတ်အသား လေးတွေ ရှိတတ်
ကြပါတယ်။ ဥပမာဗျာ မက်ဆီကန် ဦးထုတ်တို့  စကော့ တို့ ရဲ့ စကပ်နဲ့  အိပ်ပုလွေ တို့ လိုမျိုးပေါ့ ၊
               နောက်ပြီး အလံ တွေကို ကြည့်ဦးမလား အင်္ဂလန် ရဲ့ အလံကတော့ ပြောစရာမလိုဘူး
နေမ၀င် အင်ပါယာဆိုပြီး ရာစုနှစ်နဲ့ ချီပြီး ကြော်ငြာ ၀င်သွားခဲ့ တယ်လေ။ အောက်မှာ အနီစင်းနဲ့ 
ကြယ် အလုံးပေါင်း ငါးဆယ်လောက်ပါရင် အမေရိကန်ပဲ၊ ဘယ်နိုင်ငံရဲ့ အလံမှ သူ့ လောက် ကြယ်
မများလို့ လေ၊ဗိုင်းငင်တဲ့  ရစ်ဘီးပါတဲ့  အိန္ဒိယ အလံ၊ သွေးရောင်တွေ လွှမ်းနေတဲ့ အထဲမှာ
ကြယ်မ ကြီးနဲ့  အရံကြယ်တွေပါရင် တရုပ်၊ ပြီးတော့ ဘုရားစာရဲ့ အောက်မှာ ဒါးတစ်လက်နဲ့ 
ဆော်ဒီအာရေဗျရဲ့ အလံ ၊ ဒါတွေဟာ ကြည့်မိယုံနဲ့ သိလိုက်စရာ သူတို့ ရဲ့ ပြယုဂ်တွေပါပဲ။
              အဲ- ကျွန်တော်တို့ မြန်မာ တွေရဲ  ပြယုဂ်၊ အထိမ်းအမှတ်၊ သင်္ကေတ ကတော့ 
ရှားရှားပါးပါးထဲကမှ တစ်ခု ပဲ ရှိတယ်၊ အဲဒါကစောင်း၊ မြန် မာ့ စောင်းပါပဲ။
ငယ်မည်-မောင်စ၊ အဘ-ဦးပေါက်ကျော်၊ အမိ-ဒေါ်ငြိမ်းသာ၊ ဇာတိ-စစ်ကိုင်းမြို့ နယ်၊ မိကျောင်းတက်ရွာ၊
အဖေဆုံး၊၁၁ နှစ် သား သာမဏေ၀တ်၊ အသက် ၂၀ -ပန်းတိမ် လုပ်၊ကျောက်အရောင်းအ၀ယ်လုပ်၊
၂၅ နှစ်- ဆိုင်းသမား၊ ၃၀ ကျော်- ဘဏ္ဏာစာရေး၊ဇာတ်ဆရာ၊ ၄၂ နှစ်- အိမ်ရှေ့ သံတော်ဆင့်၊
ပြည်လုံးယူလှေမှူး၊ အိမ်ရှေ့ အတွင်းဝန်၊ နေမျိုးဇေယျသူ ဘွဲ့ ရ၊ ၅၇ နှစ်- ပန်းဝါ ဓည၀တီ စစ်ချီ၊
မဟာဗန္ဓုလ ၏ လင်္ကျာ စစ်ကဲ၊ မင်းကြီးမဟာသီဟသူရ ဘွဲ့ ရ၊ ၁၁၉၀ ခုနှစ်၊နတ်တော်လဆန်း(၁၄) ရက်
အိမ်ရှေ့ မင်းရာထူးမှလွဲ၍ အကြီးဆုံးရာထူးဖြစ်သော အဂ္ဂမဟာသေနာပတိဝန်ကြီးဖြစ်၊ ၆၂ နှစ်-
ထောင်ထွက်ပတ်ပျိုးကြောင့် ထောင်မှလွတ်၊ ၈၇ နှစ်- ၁၂၁၅ ခု၊၀ါခေါင်လဆန်း(၁)ရက် ကွယ်လွန်၊
အိမ်ထောင်နှစ်ဆက်ကျခဲ့ ၊ မင်း(ဂ)ဆက် မှီခဲ့ ၊(ကုန်းဘောင်ဆင်ဖြူရှင် မြေဒူးမင်းလက်ထက်မှ
မင်းတုန်းမင်းလက်ထက်ထိ)၊
               အဲဒါကတော့ မြ၀တီမင်းကြီးဦးစနဲ့ ပါတ်သက်တဲ့  မှတ်စုတိုပဲဖြစ်ပါတယ်။
မင်းကြီးပြုစုဖွဲ့ ဆိုသီကုံး ခဲ့ တဲ့ စာစု စာရင်း မှတ်စုကတော့-
ကိုးသီချင်း      -     ၂၆ ပုဒ်
သီချင်းခန့်       -       ၇  ပုဒ်
ပတ်ပျိုး           -     ၆၉ ပုဒ်
ယိုးဒယား       -        ၉ ပုဒ်
တလိုင်း         -        ၁ ပုဒ်
     တို့  ချန်ထားရစ်ခဲ့ ပြီး ဂီတနဲ့ ပါတ်သက်လို့  ကြော်ကြားတဲ့ တပည့်နှစ်ဦးရှိခဲ့ ပါတယ်၊
တပည့် တစ်ဦးကတော့ ဒေ၀က္ကုန္ဒာမောင်မောင်ကြီးဖြစ်ပါတယ်။
           အဲဒါကြောင့် မြ၀တီမင်းကြီးဦးစ ကို လင်္ကာဆရာကြီး၊ ဂီတ ဆရာကြီး၊ စာဆိုတော်ကြီး၊
သေနင်္ဂဗျူဟာကျွမ်းကျင်သော စစ်သူကြီး၊ လက်ရုံးရည်နှလုံးရည် ပြည့်စုံသော စာဆိုစစ်သည်
စတဲ့ အခေါ်အဝေါ်တွေအပြင် " ဂီတ အစ မြ၀တီ က "၊ "ဂီတနယ်တွင်ပွင့်သွားခဲ့ သည့် တစ်ဆူတည်း
သော ဂီတဘုရား" စသည်ဖြင့် လေးစားးလောက်ဖွယ် စံပြုထားကြပါတယ်။
            ဘာ့ကြောင့် အထိမ်းအမှတ်တွေ၊ သင်္ကေတတွေ၊ ပြယုဂ် တွေ ပြောနေရင်းနဲ့ 
မြ၀တီမင်းကြီးဦးစ အကြောင်း ရောက်သွားရသလဲဆိုတော့ မြ၀တီမင်းကြီးဦးစ ဟာ
မိတ်ဆက်လိုက်ရတာပဲဖြစ်ပါတယ်။
          ကြေး၊ကြိုး၊သားရေ၊လေ၊လက်ခုတ် တူရိယာ ငါးပါးမှာ စောင်းလဲ အပါအ၀င်
ဖြစ်ပါတယ်၊ မြန်မာ့ ဂီတ အနုပညာဟာ မြန်မာတို့ ထက် ယဉ်ကျေးမှု စောတဲ့  အိန္ဒိယ က
နွယ်လာခဲ့ တာဆိုတော့ ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်ထိ မြန်မာ တို့ ရဲ့  
စောင်းမှာ ကြိုး(၇)ချောင်းပဲ သုံးနေဆဲဖြစ်ပါတယ်၊ အဲဒိစောင်းကို ပုန်းမဲဇာသားနဲ့ လုပ်ပြီး
သုံးစွဲကြပါတယ်၊ ဘိုးတော်ဘုရားရဲ့ စောင်းနဲ့ ပါတ်သက်လို့  ယခုထက်ပိုပြီး ထူးခြား
ကောင်းမွန် အောင် ဆောင်ရွက်စေဖို့ မိန့် ကြားခဲ့  တဲ့ တိုက်တွန်းချက်ကြောင့် ပိတောက်သားနဲ့  လုပ်ပြီး
ကြိုး (၁၃) ကြိုး တပ်တဲ့ စောင်းကို မင်းကြီးက တီထွင် ခဲ့ လိုက်ပါတယ်။ အဲဒိစောင်းဟာ
ယခု ကျွန်တော်တို့  မြန်မာ ဆိုတဲ့  အဓိပ္ပါယ် ကိုပိုပြီး ပေါ်လွင်စေ လိုက်တာပဲဖြစ်ပါတယ်။ မြန်မာတို့ ရဲ့  ကိုယ်ပိုင်ဟန် ဖြစ်သွားလို့ ပါပဲ။
              ယနေ့ ခေတ် သံရုံးတွေ၊ ဟိုတယ်တွေ၊ ပြတိုက်တွေ၊ ဧည့်ခန်းတွေမှာ မရှိမဖြစ်
အခန့် သား နေရာယူထားတဲ့  မြ၀တီရဲ့ စောင်း၊ မြန်မာ့ စောင်း ဟာ မြန်မာတို့ ရဲ့
ပြယုဂ်၊ အထိမ်းအမှတ် နဲ့  ဂုဏ်ယူလောက်ဖွယ် သင်္ကေတ ပဲ ဖြစ်ပါတယ်။
               မြ၀တီမင်းကြီးဦးစ ရေးခဲ့ တဲ့  မြန်မာ့ စောင်းအကြောင်း ကဗျာ လေးနဲ့ 
စာကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျားးးးးးးးးးးးး
ပိတောက်ကိုတဲ့  မ - တယ် ။
ရှားကောက်ခွေခွေနှင့်
သမင်ရေနာနာဖုံးပါလို့ 
ဆယ့်သုံးပင်ခင်ဝါပိုးကို
မှင်ရိုးမှာတွယ် ။
မြီးဖျားကပန်းပွားသွယ်
ခြယ်လှယ်စုပေါင်း ။
ဒူးတေးထံတျာနှင့်
မြည်ရှာလေပြည်စုံမက်တယ်
နန်းတော်ထက်စောင်း ။
တွေးမိနေတာလေးတွေကို အခြေအနေပေးရင် ပြောပြချင်ပါသေးတယ်။
0 comments:
Post a Comment
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩