အတွေးထဲက သင်္ခါရ
အသက်တွေလည်း ကြီးလာနေပြီ့  လောဘ၊ဒေါသ၊မောဟ တွေကြီးနေတုံးပဲလား
သွားတွေလည်း ကျိုးနေပြီ့  မာန်စွယ်တွေ မကျိုးသေးဘူးလား
အရေတွေလဲ တွန့် နေပြီ့  မကောင်းမှု အကုသိုလ်အလုပ်တွေ လုပ်နေတာ
နောက်မတွန့် သေးဘူးလား
အသားတွေလဲလျော့ နေပြီ့  တဏှာဆန္ဒတွေမလျော့ သေးဘူးလား
ဆံပင်တွေလဲ ဖြူနေပြီ့  စိတ်ထားတွေမဖြူသေးဘူးလား
မျက်စေ့ တွေ မှုန်နေပြီ့  နိဗ္ဗာန်သွားမယ့် လမ်း မှုန်နေတုံးပဲလား
ဆံပင်ညှပ်သွားရင်း ဆံပင်ညှပ်ဆိုင်မှာ ကပ်ထားတဲ့ ပိုစတာလေးထဲက ပါ။
အဲဒါကိုဖတ်နေရင်းနဲ့  ဒီပို့ စ် ကို ရေးဖို့ အတွေးရလိုက်ပါတယ်။
အမှတ်တမဲ့ တွေးမိလိုက်တဲ့  ကဗျာတိုလေးနှစ်ပုဒ်အကြောင်းပါ။ တစ်ပုဒ်က
ကဗျာဆရာ "တင်မိုး" ရေးတဲ့ ကဗျာလေးပါ။
တစ္ဆေဖြူ
မီးခိုးတွေဖြူ
လူတွေလား၊ ဂူတွေလား ။
လှိုင်းတစ်ထောင်၊ ဗျိုင်းတောင်ခတ်
ကမ်းစပ်သို့ သွား ။ ။
ဗျိုင်းတောင်ဆိုတာ မြန်မာပြည်ရဲ့ တစ်ချို့ ဒေသတွေမှာ နာရေးမှာ သုံးတဲ့ 
ဆိုင်းသံတစ်မျိုး၊ ဗျိုင်းတောင်ခေါက် တယ်လို့ လဲ သုံးကြကြောင်း ကဗျာရှင်က ကဗျာရဲ့ 
အောက်ခြေမှာ မှတ်ချက်ပြု ဖေါ်ပြထားပါတယ်ခင်ဗျ။
ကဗျာကိုဖတ်နေရင်းနဲ့  ရုပ်ရှင်ကားတစ်ကားကြည့်နေရသလို မြင်လာမိတယ်။
အဝေးကနေ တဖြေးဖြေးနဲ့  နီးလာတဲ့ ရိုက်ချက်မျိုး ၊ မြူလိုလို မီးခိုးလိုလို ဝေဝေဝါးဝါး
အုတ်ဂူတွေကြားထဲမှာ မသဲမကွဲ နဲ့ လူတွေ၊ လူတွေ၊ လူတွေ၊
တစ်ချို့ ကမျက်ရည်စတွေနဲ့ ၊ တစ်ချို့ က တွက်ရေကြ ရင်းနဲ့ ပေါ့ ။ တဆက်
တည်း တွေးမိလိုက်တာက တစ်ဖက်ကမ်း ကိုပို့ ပေးမယ့် ကုတို့ သမား ရဲ့ ဖြန့် ထားတဲ့ 
လက်ထဲကို ထည့်စရာ ပါမှ ပါသွားပါ့ မလား ဆိုတာကိုပါပဲ ။အကြွေစေ့ ကိုပြောတာမဟုတ်ဘူးနော်။
နောက်တစ်ပုဒ်က ကိုရင် ဥေယျ အမည်နဲ့ ရေးခဲ့ တဲ့  အဆိုတော်၊စာရေးဆရာ
ရုပ်ရှင်မင်းသား "သုမောင်" ရဲ့ ကဗျာလေး တစ်ပုဒ်ပါပဲ။
နိဗ္ဗာန်
လယ်ထွန်သွာ့း့  နွားမေ့  ။
နယ်ကျွံသွာ့း့  အမှားတွေ့  ။
သြော့့် 
အပါယ်လွန်သွားရင်ဖြင့် 
တံခါးတွေ့ မည်ထင့်  ။ ။
ကျွန်တော်တို့ နေ့ စဉ် ဘဝ ရဲ့ တံခါးပေါင်းများစွာကို ဖွင့်နေကြပါတယ်။ တကယ်တမ်း
ကိုယ့် ဘဝအတွက် နောက်ဆုံးဖွင့်ရမယ့် ၊ အရေးအကြီးဆုံးတံခါး။ အဲဒိတံခါးနဲ့ ပါတ်သက်ပြီး
တွေးမိလိုက်တာတစ်ခုက အကယ်၍များ အဲဒိတံခါးက သော့ ခတ်ထားမယ် ဆိုရင့့် ။
အဲဒီတံခါးကို ဖွင့်ဖို့  သော့ ၊ သော့ ၊ သော့ ။
နားဦးမယ်ဗျို့ တွေးမိနေတာတွေကို အခြေအနေပေးရင် ထပ်ပြီး ပြောပြချင်ပါသေးတယ်။
0 comments:
Post a Comment