ကာရန်မဲ့ တဲ့ အလွမ်း
နင့်မှာကျစရာ
ငါ့လို မျက်ရည်မရှိဘူးလားဟင်
ကိန္နရီနဲ့ ကိန္နရာတို့ 
တစ်ညတာကြောင့်
ရက်ခုနှစ်ရာဆွေး
သူတို့ 
ငိုကြွေးဖူးခဲ့ကြတယ်တဲ့ 
သူတို့ မျက်ရည်
သက်သေ တည်ကျိုး
ငိုဆွေးရကျိုး နပ်ပါတယ်
တစ်ယောက်ထီးတည်း
ငိုညည်းလောင်မြိုက်
နေရခိုက်တွင်
ကြင်သူ တစ်ယောက်
မလွမ်းလောက်၍
ပျော်မွေ့ နေသော်
စေ့ စေ့ စဉ်းစား
အတွေးပွားလျှင်
တရားမျှတ ရှိပါ့ မလား။
ငါ့ထံကို မလှမ်းလာပါနဲ့ 
အလွမ်း ဆိုတဲ့  ဂြိုဟ် ကောင်ရဲ့
ဆိုပြီး
ငိုမယောင် အပြောနဲ့  ချွဲ ပြရင်တောင်
တားမရစကောင်းဘူးဆိုတာ သိနေတယ်လေ
ဒါပေမယ့် 
ဒေါသနဲ့  မာန ကို ခါးစည်းပြီး
အလွမ်းဆိုတာကို
တားဆီးမယ်ဆိုရင်
အင်းးးးးးးးးး
နဲနဲလောက် တော့ ရမယ်ထင်ပါတယ်။
ချစ်သူရေ့
ချစ်သူ့ ဒဏ်ရာ
လောကမှာ ဘယ်လိုဒဏ်ရာမျိုးဟာ
နာကျင်ဆိုးဝါးဆုံးလဲဆိုတာ
သိရဲ့ လား ချစ်သူ
ငါကတော့
သစ္စာဖေါက်ခြင်းခံရတဲ့ ဒုက္ခဟာ
အခံရအခက်ဆုံး
နာတာရှည် ဝေဒနာ တွေနဲ့ အတိပြီးတဲ့ 
ချိနှဲ့ နေတဲ့ ဒဏ်ရာ တစ်ခုပဲလို့ ပြောချင်တယ်ကွာ
ကိုယ်တွေ့ ပဲလေ
အရာရာကို မေ့ ပျောက်လွယ်တဲ့ အလေ့ အကျင့်သာ
ငါ့မှာ ရှိခဲ့ မယ်ဆိုရင် အကောင်းသားပဲနော်
အဲဒါဆို့ ငါ
ခံစားခဲ့ ရသမျှ တွေကို သိမ်းဆည်း ထားမိမှာ မဟုတ်လို့ ပေါ့ 
အခုတော့
ပြေငြိမ်း အေးချမ်း ဖို့ ရာ မစွမ်းသာတဲ့ 
နာကျည်းစရာတွေပဲ
ရင်ဘတ်နဲ့ အပြည့် နေရာယူထားကြပြီလေ
တကယ်တော့
မြားပစ်သူဟာ မြားကိုတစ်လံအကွာကိုရောက်အောင်
မြားက တစ်လံအကွာကိုပဲ ရောက်မှာ မှန်ပေမယ့် 
လေးကိုင်းကသာ အဓိက ပါချစ်သူ
ငါဟာ မြားဖြစ်ခဲ့ မယ်ဆိုရင်
နင်က လေးကိုင်းပဲလေ
ငါစဉ်းစားမိတာတစ်ခုက
တစ်ခါတလေမှာ ပွင့်လင်းတာနဲ့  အရေးမစိုက်တာဟာ
ဒင်္ဂါးတစ်ပြားရဲ့  ခေါင်းနဲ့ ပန်းလို ကပ်နေတာမျိုးလားလို့ ပေါ့ 
အဲလိုတွေးကြစတမ်းဆိုရင် ငါမေးချင်တယ်
နင်ဟာ
နင်ပစ်လိုက်တဲ့ မြားက ချက်ကောင်းကို ထိမှန်း သိနေပါလျှက်နဲ့ 
ဘယ်လောက်ထိများ စူးဝင်သွားသလဲဆိုတာ သိလိုက်ရမှ
အားရကျေနပ် မယ့် သူများလားဟာ
ငါ့ အတွက် နင့်ရဲ့ ဖြေရှင်းချက်တွေဟာ
အဓိပ္ပါယ် မဲ့ လွန်းလှပါတယ်
နိုင်ငံတော်ပုန်ကန်မှု ကို ဒဏ်ငွေလောက်နဲ့ 
ကြေးအေးပြီး ပြေငြိမ်း ရစတမ်းဆိုရင်
အဲဒါ ဒဏ္ဍာရီ မဟုတ်ဘူး လို့ မှတ်လိုက်ပါ
အခု- ငါ့မှာတော့
လတ်လတ်ဆတ်ဆတ် နှလုံးသား ပုန်ကန်မှု ကြုံနေရပြီလေ
နင့်အပေါ်မှာထားတဲ့ ငါ့ အချစ်ကို
ခြေရာဖျောက် ချင်လို့  ခြေကိုကွယ်ဝှက်ထားပေမယ့် 
ငါဟာ
ပက်ကျိတစ်ကောင်လို နောက်ကြောင်းမရှင်းပဲ
စွတ်ကြောင်း ထင်းထင်းကြီးက
ဟင်းလင်းပွင့်နေတဲ့  ရင်အစုံ ကို သက်သေခံနေသလိုမို့ 
နင်
မသိချင်ယောင်သာ
ဆောင်နေလိုက်ပါတော့
ချစ်သူရေ့
ပြန်ပြောချင်တဲ့  ချစ်ဒုက္ခ
ချစ်တဲ့ သူငယ်လေ
သူငယ်ချင်းကောင်း ရောင်းရင်းတို့ ရေ
သူ့ ကိုဟယ်
အစ်မ ကြီးနဲ့ အမေကြီးဖျက်လို့ 
ရစ်ခွေမစီး မေတ္တာစမ်းပျောက်ပျက်
ရှောင်ထွက်နည်းငယ်မှ စေ့စုံ
သူ့ မောက်မာပုံက
ကျောက်ခဲ သဏ္ဍာန် ထင်ရတယ်
သူ့ နှလုံးသားမှာ
မြသားသဏ္ဍာန် စိမ်းတော့တယ်
သူ့ အသဲအိမ်မှာ
စိန်ခဲသဏ္ဍာန် ရှိတော့တယ်
သူ့ ဦးနှောက်မှာ
သံယောက်သွားလိုမာတော့တယ်
အဲတော့ကွာ
သူ့ အချစ်ပွင့်ဟာ
ကြယ်ပွင့်သဏ္ဍာန်ဝေးတော့တယ်
ပေါ့ 
အင်းးးးးးးးးးးး
ငါလည်းဘယ်လိုလုပ်ရပါ့ 
သူလဲဘယ်ပုံရှောင်မည်ပ
နေ့ စဉ် ဆည်းဆာ
သူ့ အိမ်ယာသို့ 
သွားပါများတော့  ချောင်းပေါက်မတတ်
ကြည့်ဖန်များတော့ မျက်ပြူးမတတ်
ရှာဖန်များတော့ မျက်မွဲမတတ်
မြင်ဖန်များတော့ လူသိမတတ်
တံခါးပိတ်တော့ အမောမရပ်
(ထားပါတော့လေ့
ထားလိုက်ပါတော့)
ဒီလိုနဲ့ လေ
တစ်ညနေမှာ ဖူးမျှော်ရန်အသွား
ဆူးကိုင်းကထူ
ခွေးကဆူနဲ့ 
ချစ်သူမျက်နှာကို
ဖွေရှာစဉ် ဆူးစူးမိတာက
ပြောင်းဖူးခင်းအလယ်မှာပါ
(မနူးမနပ်ကလေးရဲ့ အိမ် အနောက်မှာပေါ့ )
သြော့့် လောက လောက
ငှက်မသိ  ဆက်ရက် ကိုချိုး ထင်
အချက်မသိ တော့ သားမက် ကို သူခိုးထင်
(ဟဲဟဲ)
ရှေးရိုးစကားလိုပ
ဆူးအဖျားတစ်စ အသားမှာကျန်တော့
မာန်တင်းကာလျှောက်ခဲ့ ပေမယ့် 
နောက်အဆုံးမခံနိုင် မြေမှာထိုင်လို့ 
ခြေကိုကိုင်ဆူးနှုတ်စဉ် အချိန်ပ
ဝှီးးးး ဖုတ် -ဆို လောက်စာ လုံးကြောင့်
ဟုန်းခနဲ ဒေါအကြွ
အသာထ ကြည့်စဉ်
လောက်လေး တပြင်ပြင်နဲ့ 
သမီးရှင်ယောက္ခမကိုမြင်တော့
ခြေနာပင်မေ့ လျော့ 
(ဆူးမထွင်တော့ပဲ)
အသော့ပင်အပြေးမှာ
လုံချည်ကိုခွေးဆွဲလို့ 
ပုဆိုးပြဲ မကြည့်အားပဲ
ပြေးပွဲတစ်ခု နွဲခဲ့ ရဘူးတယ်လေး ။
ကဝေမျက်နှာ ရိုဘော့ နှလုံးသား
အချစ်ဆိုတာ
အေးမြခြင်း
ဘဝအတွက် ခွန်အားဖြစ်ခြင်း
ပျော်ရွှင်ခြင်းတွေနဲ့  အတိဖြစ်ခြင်း
ဆိုတာတွေဟာ
လူတွေဖန်တီးတဲ့ 
ဘဝအတုတွေထဲမှာပဲရှိနေတာကို
သိမှတ်ထားပါတယ်
လက်တွေ့ ဘဝမှာတော့
အကျိုးမပေးဆုံး
အပူလောင်ဆုံး
သောကအရောက်ဆုံး
ဝမ်းနည်းအားငယ်စရာအကောင်းဆုံး
ဆိုတာတွေဟာ
အချစ်ပဲလို့   ဆိုတာကို
နင်က ငါ့ကိုသင်ပေးခဲ့ လို့ ပေါ့ 
နင့်ကိုငါ
မနာကျည်းချင်တော့ပါဘူး
ဘဝမှာ နင်နဲ့  ပါတ်သက်ခဲ့ မိတာကိုပဲ
ငါ
နောင်တ တရရနဲ့  လွမ်းနေဦးမှာပါ
တကယ်တော့
ငါ့နှလုံးသားဟာ
နင့်ကို မှီခိုလွန်းအားကြီးခဲ့ လို့ 
ငါ အခုလောက်ခံစားနေရတာလေ
သစ်စိမ်းချိုး လိုက်တာကမှ အသံမြည်ကောင်းမြည်မယ်
နင်က အသံမဲ့  ချိုးပစ်နိုင်သူမို့ 
ကဝေတစ်ပါးလို စွမ်းဆောင်နိုင်သူပါ
ဆူးစိမ်း ပင်တစ်ပင်တောင် မရှင်သန်နိုင်တဲ့ 
သဲပူကန္တာရ တစ်မျှော်တစ်ခေါ်ကို
အကွယ်အကာမဲ့  သွားဖို့ 
ရေဗူးမဲ့ သွားဖို့  အတွက်
နင်က ငါ့ကို
နင့်မေတ္တာ အရိပ်တစ်ခိုစာ ပေးရင်ကိုပဲ
ခရီးတွင်အောင် ငါသွားနိုင်ပါလျှက်ကယ်နဲ့ 
နင့် ရဲ့  ရိုဘော့ ဆန်တဲ့  နှလုံးသားရဲ့ စေညွှန်းရာကြောင့်
နစ်နေတဲ့ ငါ့ ကို နင်က
နှစ်သွားလိုက်တော့
ငါ့
ချစ်သူရေ
ရဲစိတ်တွေ လျှံ ။
ဖိနှိပ်မှု အတန်တန်
ရုန်းကန်လို့ ဝင့်ကြွား ။
ဒို့ ဗမာ သတ္တိခဲမို့ 
ရဲကြသည်တကား ။
ပြည်ထောင်မှာ ညီနောင်များ
စည်းရုံးအား အခြေခံ
လွတ်လပ်ခဲ့ ပြန် ။
လူနေမှုတော်လှန်
လက်တွဲညီအတူပ
ဒို့ ပြည်သူ ဒို့ ပြည်သား
အားသစ်ပါ့ လေး ။
Imperialist threats failed to shake us;
Repeated suppressions did not make us
falter or waver.
Up we rose, and fought and strove,
And, as Burmans, it behove
Us to be braver.
Broad-based unity all over the land,
Brethren with one goal, one solid band,
Sovereign Independence then,
Is Revolution over? No!
Socialism forges right ahead;
Put the best foot forward, all in step;
We, countrymen, have far to go.
ချစ်သူ့ ဆုတောင်း
ချစ်သူရေ
နင့်ထံမှာ
ငါ့လို
မျက်ရည် မရှိဘူးထင်ပါရဲ့
ရူးသွပ်ဖွယ် နာကျည်းစရာတွေက
နှလုံးသွေးကို မျက်ရည် ဖြစ်အောင်
ပြုစားလိုက်ကြပြီလေ
နင်ဟာ
အရာရာကို
မေ့ လွယ်ပျောက်လွယ် တတ်တဲ့ 
အသဲနှလုံးရှိသူများ ဖြစ်နေမလားဟာ
အဲလိုသာဆို
ငါတို့ နှစ်ယောက်ရဲ့ 
အညတရ ချစ်သူ့  ပုံပြင် တစ်ပုဒ်ရဲ့ စာမျက်နှာတွေဟာ
ငါ့ရဲ့ မျက်ရည်တွေနဲ့ ပေကျံကုန်ကြရင်း
ဖတ်မရ သုံးမရတော့လို့ 
ပိဿာချိန်နဲ့ ရောင်းလိုက်ရတော့မယ်နဲ့ တူတယ်
ဟိုးးးးးးးးး
အရင်တုံးကတော့
နင့်ရဲ့ အချစ်နဲ့  အကြင်နာတွေကြောင့်
ငါဘဝဟာ နေပျော်တယ်လို့ 
ငါဂုဏ်ယူခဲ့ ဘူးတယ်လေ
အခုလိုမျိုး
တစ်ချိန်ချိန်မှာ နင့်လက်ချက်နဲ့ 
ဟက်တက်ခွဲခံအသဲ ပိုင်ရှင် ဖြစ်လာမယ်ဆိုတာကို
ငါ့ ရဲ့ ကိုယ်စောင့်နတ်က အသိပေးနေပါလျှက်ကယ်နဲ့ 
ချော်ရည်ပူပူထဲမှာ
တစ်ကိုယ်တည်းကူးခတ်နေတဲ့  ငါးတစ်ကောင်လို
ငါဟာ
အနာဂတ်ကို မေ့ ထားမိခဲ့ တယ်လေ
ဘာပဲဖြစ်ဖြစ်ပေါ့ 
သံသရာဆိုတာ ရှိရင်
နောက်ဘဝတွေဆိုတာ ရှိခဲ့ မယ်ဆိုရင်
ဘယ်လိုဘဝမျိုး
ဘယ်လို ကပ်ကမ္ဘာမျိုးမှာမှ
နင့်ရဲ့
ဥပေက္ခာ မေတ္တာမျိုးနဲ့ 
ငါ
မဆုံဆည်းပါရစေနဲ့ 
လို့
ချစ်သူရေ
အလွမ်းဆိုတာ
လွမ်း ဆိုသော ဝေါဟာရနှင့်ပါတ်သက်သမျှ
လွမ်းဖွယ်ကများ                       At the sights so full of exciting scenes
လွမ်းလိုက်လှသေး                    I am mournful
လွမ်းစာတဲ့ လေး                       a letter of yearning
လွမ်းသူ့ စာခွေ                         a lonely girl's letter
ရွှေပြည်ကိုသာ လွမ်းတော့သည်    longing for my golden city
ဆီးချုံရိပ်မှာလ၊ တဆိတ်ကယ်ခိုပြီးလျှင်
ချုံညိုစွန်းမှာတဲ့ ၊အလွမ်းဖြေလေး
I seek the shelter of the jujube's brown shade
and pause a moment to ease my aching heart.
http://www.fusarshinlay.com/profiles/blogs/6384739:BlogPost:1235034
ပို့  စ် လေးကိုဖတ်ရင်းနဲ့  ဒါလေးကို တင်ပြဖို့ စိတ်ကူးရခဲ့ တာဖြစ်ပါကြောင်း။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ညွှန်း-ဘာသာပြန်စာပေ၊ ၁၉၇၀ ခုနှစ်။
Powered by Blogger.
۩ Time ۩
ကညွှတ်နွယ်(ထီလာ)
۩ သိစေချင် ۩
ကညွှတ်နွယ်(ထီလာ) ဆိုဒ်လာလည်ကြသော ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများအားလုံး ပျော်ရွှင်ကြပါစေနော်..
۩ Followers ۩
۩ လာလည်နေသူတွေ ۩
۩ အဖတ်များသော ۩
۩ အကျူဉ်းချူပ် ۩
۩ လစဉ်ဖတ်မယ် ۩