ကညာစင်ရဲ့ ရုပ်ပုံလွှာ - ၃
ငါ့ ငှာငါ့ အိမ် ၊ ငါ့ စည်းစိမ်နှင့်
ငါ့ သိမ်ငါ့ ကျောင်း ၊ ငါ့ ချောင်းငါ့ ပြွန်
ငါ့ ကန်ငါ့ ကြာ ၊ ငါ့ ယာငါ့ လယ်
ငါ့ နယ်ငါ့ ကုန်း ၊ ငါ့ အုန်းငါ့ ထန်း
ငါ့ ကိုင်းကျွန်းဟု
အဲဒိဥမ္မာဒန္တီပျို့ လာ ဦးရွှန်းရဲ့ အဖွဲ့ အနွဲ့ လေးက
ငါနဲ့ ငါသာ နှိုင်းစရာဟု
ငါသာငါထက် မာန်မတက်နှင့်
ဆိုတဲ့  ကဗျာ တစ်ပိုင်းတစ်စကို အတွေးရောက်မိစေပါတယ်
အရင်စာမျက်နှာတွေ မှာ ဥမ္မာဒန္တီ ရဲ့ အလှနဲ့ ပါတ်သက်လို့  ကမ်းကုန် လမ်းကုန် ဖွဲ့  ပြသွားတာတွေကို အခုစာမျက်နှာမှာ ရန်စ စိန်ခေါ် လိုက်ချင်လို့  အခုလို အစပျိုး ပေးလိုက်ရတာပါ။ မိုဘာရဲ့  ကြိုးဝိုင်းထဲ မှာ ကျွန်တော် ရုံသွင်း ပြချင်တာ တစ်ခုရှိလို့  အရင်စာမျက်နှာ နှစ်မျက်နှာကို ကြိုတင် လမ်းခင်းထားတာပါ ။ တော်တော် အရစ်ရှည်တဲ့ ကောင် လို့  ခေါ်မယ်ဆိုရင်လဲ မငြင်းတော့ပဲ အခေါ်ခံလိုက်ပါ့ မယ်ဗျာ။
ဦးရွှန်း ရဲ့ ပြိုင်ဘက်ကင်း တုနှိုင်းမမှီတဲ့ အလှပိုင်ရှင် နဲ့  ဦးပုညရဲ့  အော့နှလုံးနာဖွယ် ရုပ်အဆင်းပိုင်ရှင် တို့  ယှဉ်ပြီး ပြရရင် စာဖတ်သူတွေ ဘယ်လိုများ တွေးနေကြမလဲ လို့ စဉ်းစားမိလို့ ပါ။
တစ်မျိုးတော့လဲ တွေးလို့ ရတယ်ဗျ၊ စိတ်မဆိုးကြနဲ့ နော်၊ ဥပမာ ဗျာ၊ ဒီနေ့ ခေတ် ကောင်မလေးတွေ တော်တော်ကို လှကြပါတယ်၊ တစ်ချို့ ဆို မထိရက် မတို့ ရက်စရာပါပဲ၊ အဲလောက် လှနေကြတာ တွေက ဥမ္မဒန္တီ များ ဝင်စားသလားလို့ တောင် ကျွန်တော်ထင်မိရလောက်အောင်ပါပဲ။ ဟဲဟဲ ဒါပေမယ့် ၊ ဒါပေမယ့် ပေါ့ ဗျာ၊ သူတို့ ရဲ့ အဲဒိအလှဟာ လူမြင်ကွင်းမှာ ပြင်ဆင်ပြီးသား ၊ ရေပေါ်ထိုးပြီးသား၊ အချောကိုင်ပြီးသား အလှ ဆိုပါတော့ အဲဒါဆို သတိမရှိပဲ အိပ်ပျော်နေတဲ့ အချိန်၊ အိပ်ယာထကာစအချိန်၊ ကာလာရောင်စုံ တွေ မရှိသေးတဲ့  အချိန်၊ စပါယ်ယာပါတ်စ်တွေ မပါသေးတဲ့ အချိန်၊ အကူကိရိယာတွေ မသုံးရသေးတဲ့ အချိန် (မိတ်ကပ်- စသည်တို့် ကိုဆိုလိုသည်) မျိုး ဆိုရင်တော့ ကျွန်တော်ထင်တယ်ဗျ၊ ဦးပုည ပြောသလိုများ ဖြစ်နေကြ မှာလား လို့ ပါ။ ဟီးဟီး ဆောရီးနော် အစ်မတို့ ညီမတို့ ရေ။ ပျော်စရာလို့ သဘောထား ပေးကြပါနော်။
ဦးပုညရဲ့ အော့နှလုံးနာဖွယ်၊ ရူပါချူချာလွန်းတဲ့  ပြောင်မြောက်တဲ့  တေးထပ်အဖွဲ့ လေးနဲ့  ဥမ္မဒန္တီ ရဲ့  တုနှိုင်းမမှီတဲ့ အလှဘွဲ့ ကို ယှဉ်ကြည့်ကြပါတော့ခင်ဗျားးးးးးးးးးးးးးးး
ဦးပုညက
အသားတော်အရောင်ထွက်ပုံက
မှောင်နက်လို့ မဲညို ၊
ထောင်ထွက်နဲ့ မကွဲလိုတယ်
သရဲကိုယ်ဇာတိ ၊
ဆိုတဲ့  အသားအရေနဲ့  ရုပ်အဆင်းကို ဖွဲ့ ပြလိုက်ပုံက ဥမ္မဒန္တီ ရဲ့ 
ရွှေရောင်ပျံ့ ပျူး ၊ ရွှေနဖူးနှင့်
ကော့ ဖြူးမျက်တောင် ၊ ရွှေမျက်မှောင်မှ
ရွှေရောင်ဝင်းလျှံ ၊ ရွှေနှာတံတွင်
သံပုရာဖျား ၊ ရွှေရွက်နားလည်း
ပျံ့ ကားရွှေသွေး၊ ရွှေလည်ရေး၌
ရွှေကျေးလည်ရစ် ၊ ပေါ်စသစ်သို့ 
ဆိုတဲ့ ရွှေရောင်တွေ အထပ်ထပ် လိမ်းကျံထားတဲ့ ရုပ်လွှာကို စုတ်ပြတ်သတ် သွားအောင် ခနဲ့  လိုက်သလို များလားပေါ့ ။
ဦးပုည ထပ်ပြောပြတာက
ခံတွင်းကသာထုတ်ဖေါ်လျှင်
အာပုတ်စော် ဆိုးလှပါဘိ၊
သူ့ ပါးစပ်အပြီးပေတယ်
သွားချေးတွေအပြည့် ၊
နဲ့ ဆိုတော့ ဥမ္မဒန္တီ ရဲ့ 
မာယာသွဲ့ ဝဲ့ ၊ လှရုံမဲ့ ၍
တွဲ့ ကာနွဲ့ ကာ ၊ ချော့ တဲ့ လာအောင်
မျက်နှာမချို ၊ ငိုသလိုနှင့် 
ကြာညိုနံ့ သင်း ၊ ရွှေခံတွင်းက
ထွက်ပေါ်လာတဲ့  ရနံ့ တွေတောင် မျက်နှာငယ် သွားစေလိုက်တာများလားပေါ့ ဗျာ။
ဦးပုညရဲ့ အဖွဲ့ ကို ထပ်ဖတ်ကြည့်ပါဦး
အနီးလေလွန်မကြည့်ချင်ဘု
ရွံ စလိကြောက်ဖွယ် ၊
ဘုတ်တစ္ဆေ ရုပ်ရည်ကျအောင်
ဗြုတ်တွေကပေါပါဘိသနဲ့ 
အောင်မငီးးးး အဲလိုသာဆို ၊ ဥမ္မဒန္တီ ရဲ့ 
ခြေဖျားလက်ဖျား ၊ သားရရားတွင်
ပတ္တမြားရည်ရွှန်း ၊ ချိန်ရည်စွန်းသို့ 
သွန်းသွန်းသွယ်ဖြာ ၊ တင့်တယ်စွာနှင့်
ကျီးအာနှိုင်းတမ်း၊ ရွှေနှုတ်ခမ်းလည်း
ကွမ်းပန်းမထိ ၊ ပကတိဖြင့်
တင့်ဖိလွန်ကဲ ၊ ရှုမရဲသည်
ပုလဲလျှံထွက် ၊ သွားရောင်လက်နှင့်
အောက်ထက်စုရုံး ၊ ဝန်းကျင်လုံးသား
လှဆုံးခေါင်ချုပ် ၊ ရွှေရေမြှုပ်သို့ 
လှုပ်လှုပ်လဲ့လဲ့  ၊ မှုတ်လျှင်ပဲ့ မျှ
နှိုင်းရှဲ့ ရန်များ ၊ ဘက်မထားလျှက်
ရေသားပဒုံ ၊ ကြာရွက်ပုံ
ကို အရွဲ့ တိုက်လိုက်သလားတောင် တွေးမိနေမှာပါပဲဗျာ။
အဆုံးသပ်ထပ်ပြီး နှိပ်ကွပ်လိုက်တာက
ကိုယ်နံ့ ကခွေးသူငယ်လို
မွှေးပေတယ်မသတီပျို့ အောင်ပ၊
ညှီစို့ စို့  လင်းတ စော်
နည်းတူရဲ့ နော် ၊
ချေး (ဂျီး) ထူချက် ရှစ်ထပ်ကျော်အောင်
ညှစ်ပတ်တော်မူလွန်းလှလေး ။ ။
သွားရော ၊ ဘာမှ ရစရာမရှိတော့ ဘူး၊ ဘာမှလဲ ပြောစရာမရှိတော့ဘူး ၊ အဲတော့
ရိုးတံရိုးဆစ် ၊ ပြေပြစ်ချောမော
မြကြောစိမ်းစိမ်း ၊ ရှိန်းရှိန်းစိုစို
လှသည်ကိုယ်၌ ၊ ရှိုက်ဖိုကြီးငယ်
အသွယ်သွယ်မူ ၊ တင့်တယ်စေမှု
သိကြားထု
လို့ မကလို့ သိကြားအဖေပဲထုထု
ညံ့ နုသားရေ ၊ မြဆံကေလဲ
ဖြေသောပြန်တက် ၊ ဖနောင့်ထက်ဝယ်
ကျီးနက်တောင်ပံ ၊ ပိတုန်းပျံသို့ 
ဖိတ်လျှံရောင်ခြည် ၊ တလံရှည်လျှက်
ရိပ်ခြည်မမှိန် ၊ ရုပ်ရည်ထိန်
လင်းတောက်ပ လွန်းပါတယ်ဆိုပြီး ဘယ်လောက်ပဲ အမွမ်းတင်ထားထား ကျွန်တော်ကတော့ ပြန်ပေတော့မစဉ်းစားနဲ့  ဆိုတဲ့  သီချင်းကို ညည်းနေရင်းနဲ့  ပဲ ဒီမျက်နှာများအကြောင်းကို အဆုံးသတ်လိုက်ပါရစေခင်ဗျာ ။
စာဆိုပညာရှင် ဆရာကြီး နှစ်ပါးကို အရိုအသေတန်တာမဟုတ်ပါခင်ဗျာ၊ တွေးမိတွေးရာ ရေးမိရေးရာ ဗရုတ်သုက္ခ အတွေးအရေးများသာဖြစ်ပါတယ်။ မန်ဘာသူငယ်ချင်း မိန်းကလေးတို့ ကိုလဲ တိုက်ဆိုင်သွားကြမယ်ဆိုရင် ခွင့်လွတ်ကြပါ၊ အပြစ်ဖြစ်ခဲ့ မယ်ဆိုရင် အကောင်းစားလေး ကျွန်တော့ကို သာအားရပါးရ ဆဲတော်မူကြပါခင်ဗျားးးးးးးးးးးးးးးးး
(နောက်ထပ် တွေးမိနေတာလေးတွေကိုလဲ အခြေအနေပေးရင် ပြောပြချင်ပါသေးတယ်)
0 comments:
Post a Comment