အရင်ပို့ စ်ကိုဆက်ရရင်
ကဗျာ ဆိုတာ ဟိုအရင်ကတော့ ကာရန်ပါမှတဲ့ ၊ ဖတ်ဖူးတာပြောရရင်
ပါတဲ့ ၊ အခုတော့ မော်ဒန် ကဗျာခေတ်ကိုရောက်လာပြီလေ၊ ကာရန်ဆိုတဲ့  အထုံးအနှောင် ထဲက လွတ်မြောက်ပြီး ကိုယ်ခံစားမိတာ၊ကိုယ်ရင်ဖွင့်ချင်တာ တွေ ကို လွတ်လွတ်လပ်လပ် ရေးပြနိုင်ပြီပေါ့ ၊ ကာရန်ပါမှ ဆိုတုံးက ကာရန်ကိုငဲ့  ပြီးချန်ထားလိုက်ရတာမျိုး မရှိတော့ဘူးပေါ့ ၊ ဒါပေမယ့်  ဆက်တွေးမိတာက အခုခေတ် ရက်ပ် သီချင်းတွေ မှာ ကာရန် တွေ တွေ့  တွေ့ နေရတုံးပဲ ဆိုတာကိုပါ ။
ကျွန်တော်ပြောနေလိုက်တာ ဘေးချော် နေပြီ၊ မြန်မာကဗျာလေးတွေထဲမှာ အနိစ္စ နဲ့ ပါတ်သက်ပြီး တိုတောင်းကျစ်လျစ်တဲ့  ကဗျာတစ်ချို့  ကို မြင်ရနိုင်ပါတယ်၊
ခဏတာပဲ နေလို့ ရမယ့် လူ့ ဘဝပဲဆိုတာကို မြင်စေလိုက်ပါတယ်၊ ပြီးတော့ ယပ်တောင် တွေပါ မြင်လာတယ်ဗျ၊
နောက်တစ်ပုဒ် တွေ့ ရတာကတော့
နှုတ်ဆက်သူနဲ့ ထွက်ခွာသူ၊ ငြိမ်းချမ်းရာကို အလှလို့ တင်စားတာလား၊ နှုတ်ဆက်သူအဖို့  ငိုသံဟာ ထွက်ခွာသူ အတွက် ဘာဖြစ်မလဲ တော်ပြီဗျာ အနိဋ္ဌာရုံ တွေ ကိုဆက်မတွေးချင်တော့ဘူး ၊ နဲနဲလဲ ကြောက်လာလို့ ပါ။
မြန်မာကဗျာတွေထဲမှာ တစိမ့်စိမ့် တွေးပြီး ဆွေး ရမယ့် လွမ်း ရမယ့် ကဗျာ တွေလဲ ရှိသေးတာကိုတွေ့ ရပါတယ်၊ ချစ်သူပစ်သွားလို့ ၊ ချစ်သူနဲ့ အဆင်မပြေလို့ ၊ အချစ်ကြောင့် ခံစားနေရလို့ ၊အချစ်ကြောင့် အစာမကြေလို့ ၊ အဲဒိ လို့ ပေါင်းများစွာကို ရင်ဖွင့်ထားတဲ့ ၊ ကြေညာထားတဲ့ ၊ ကဗျာ တွေဟာ မြန်မာ တို့ ရဲ့ ကဗျာ လောက မှာ ဖတ်လို့ မဆုံး၊ ရှာဖွေလေ တွေ့ ရှိလေပါပဲ၊ ဒီလိုင်းကျတော့ ကျွန်တော့ ဖေးဘရိတ် ဖြစ် နေတော့ ကျွန်တော် နဲနဲ ပိုပြီးတွေးမိ၊ ပိုပြီး လေရှည်မိတော့မှာသေချာ ပြီပေါ့ဗျာ၊
ဒါကတော့ အားလုံးကြားဖူးပြီးသာ ကဗျာလေးပါ၊ ဘယ်တော့မှလဲ ရိုးမသွားနိုင်ပါဘူး၊
သူတို့ အတွက် ကိုယ်ဟာ အဖြည့်ခံသက်သက်မျိုး၊ အစားထိုးသက်သက်မျိုး၊ တစ်နေ့ မှာ ကိုယ့် ကိုထားသွားမယ့်အဖြစ်မျိုး၊ တော်တော်တော့ ရင်နာစရာကောင်းတယ်ဗျ၊ တစ်ခါတစ်လေတော့တွေးမိပါတယ်၊ ကိုယ်က ဘာကြောင့်များ ခံပွင့် ဖြစ်နေရတာလဲ
ဆိုတာကိုပါ၊ ကိုယ့် ထိုက်နဲ့ ကိုယ့် ကံပဲလို့ ပဲ ဖြေသိမ့် ရတော့မှာပေါ့ ၊ ဒီကဗျာကို တွေးမိတိုင်း နောက်ဆက်တွဲ ဆက်ပြီး တွေးနေမိတာက ငါ ရင်ဂို ရဲ့  အရန်လူ သီချင်းနားထောင်ရင် ကောင်းမလား ဆိုပြီးတော့လေ။
မောင်စိန်ဝင်း(ပုတီးကုန်း)လွမ်းပြတာက
တဲ့ ၊ချစ်သူကိုလဲ အပြစ်မတင်ဝံ့ ၊ကိုယ့် ဘာသာပဲ ကြိတ်ခံ နေတဲ့  ရှိုက်သံ ကို ကြားယောင်မိလောက်ပါတယ်။
နွမ်ဂျာသိုင်း လွမ်းပုံကတစ်မျိုးဗျ
ရင်ခွဲခံလိုက်ရတဲ့  အတိတ် ကို မေ့ ချင်နေပေမယ့် ၊ ရာဇဝင်ရှိခဲ့ ဘူးတဲ့ ပန်းခြောက်တွေကို ဒိုင်ယာရီ ထဲမှာ ညှပ်ထားလေ့ ရှိတဲ့ သူတွေကို နှလုံးရောဂါ ပါ ရစေ လောက်ပါတယ်။
ဟော - နေခြည်အေးချမ်း ကတော့ ငိုသံတောင် ပါလာတယ်လို့ ထင်ရတယ်ဗျ၊
ကျခဲ့ ရတဲ့ မျက်ရေစက်တွေကိုသာ သက်ဆိုင်သူတွေ တွေ့ ရမယ်ဆိုရင်၊ ခံစားနေရတဲ့  ရင်ထဲက အပူတွေက သာ သက်ဆိုင်သူတွေ ကို ဟပ်မိမယ်ဆိုရင်၊ မေတ္တာ ဆိုတာ၊ အချစ်ဆိုတာကို တွေးပြီး အဖြေတစ်မျိုး ပြောင်းသွားနိုင်
လောက်ပါ့ မလားဗျာ။
ခဏနားဦးမယ်ဗျာ နောက် ထပ် ဆက်ပြီး အခြေအနေပေးရင် ထပ်ပြီး မြင်သမျှ တွေးပြချင်ပါသေးတယ် ။

ကာရန်ဆိုတာ ကဗျာ ဆိုတဲ့ အိမ်ရဲ့ ခြံစည်းရိုး

ဧည့် သည်ကြီး
ဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကိုပြန်ပို့ ကြပါတော့။
ခဏတာပဲ နေလို့ ရမယ့် လူ့ ဘဝပဲဆိုတာကို မြင်စေလိုက်ပါတယ်၊ ပြီးတော့ ယပ်တောင် တွေပါ မြင်လာတယ်ဗျ၊
နောက်တစ်ပုဒ် တွေ့ ရတာကတော့
နောက်ဆုံးရထား
အလှကိုရှာ
ဘယ်မှာမှ မတွေ့  ။
တစ်နေ့ အချိန်တန်တော့
ဆူညံညံ ငိုသံကြားရတယ်
ရထားတရွေ့ ရွေ့  ။
နှုတ်ဆက်သူနဲ့ ထွက်ခွာသူ၊ ငြိမ်းချမ်းရာကို အလှလို့ တင်စားတာလား၊ နှုတ်ဆက်သူအဖို့  ငိုသံဟာ ထွက်ခွာသူ အတွက် ဘာဖြစ်မလဲ တော်ပြီဗျာ အနိဋ္ဌာရုံ တွေ ကိုဆက်မတွေးချင်တော့ဘူး ၊ နဲနဲလဲ ကြောက်လာလို့ ပါ။
မြန်မာကဗျာတွေထဲမှာ တစိမ့်စိမ့် တွေးပြီး ဆွေး ရမယ့် လွမ်း ရမယ့် ကဗျာ တွေလဲ ရှိသေးတာကိုတွေ့ ရပါတယ်၊ ချစ်သူပစ်သွားလို့ ၊ ချစ်သူနဲ့ အဆင်မပြေလို့ ၊ အချစ်ကြောင့် ခံစားနေရလို့ ၊အချစ်ကြောင့် အစာမကြေလို့ ၊ အဲဒိ လို့ ပေါင်းများစွာကို ရင်ဖွင့်ထားတဲ့ ၊ ကြေညာထားတဲ့ ၊ ကဗျာ တွေဟာ မြန်မာ တို့ ရဲ့ ကဗျာ လောက မှာ ဖတ်လို့ မဆုံး၊ ရှာဖွေလေ တွေ့ ရှိလေပါပဲ၊ ဒီလိုင်းကျတော့ ကျွန်တော့ ဖေးဘရိတ် ဖြစ် နေတော့ ကျွန်တော် နဲနဲ ပိုပြီးတွေးမိ၊ ပိုပြီး လေရှည်မိတော့မှာသေချာ ပြီပေါ့ဗျာ၊
ဒါကတော့ အားလုံးကြားဖူးပြီးသာ ကဗျာလေးပါ၊ ဘယ်တော့မှလဲ ရိုးမသွားနိုင်ပါဘူး၊
ပန်းစံပယ်
နန်းအလယ်မပေါ်ခိုက်ဟာမို့ 
အလိုက်တော်တန်သင့်ရုံပ
ခံပွင့်ကိုကုံး ။
နန်းရဝေ
မန်းမြေမှာစံပယ်လှိုင်တော့
ခံပန်းခိုင်ယာယီရွေ့ တယ်
တောလေ့ ရွာသုံး ။
သူတို့ အတွက် ကိုယ်ဟာ အဖြည့်ခံသက်သက်မျိုး၊ အစားထိုးသက်သက်မျိုး၊ တစ်နေ့ မှာ ကိုယ့် ကိုထားသွားမယ့်အဖြစ်မျိုး၊ တော်တော်တော့ ရင်နာစရာကောင်းတယ်ဗျ၊ တစ်ခါတစ်လေတော့တွေးမိပါတယ်၊ ကိုယ်က ဘာကြောင့်များ ခံပွင့် ဖြစ်နေရတာလဲ
ဆိုတာကိုပါ၊ ကိုယ့် ထိုက်နဲ့ ကိုယ့် ကံပဲလို့ ပဲ ဖြေသိမ့် ရတော့မှာပေါ့ ၊ ဒီကဗျာကို တွေးမိတိုင်း နောက်ဆက်တွဲ ဆက်ပြီး တွေးနေမိတာက ငါ ရင်ဂို ရဲ့  အရန်လူ သီချင်းနားထောင်ရင် ကောင်းမလား ဆိုပြီးတော့လေ။
မောင်စိန်ဝင်း(ပုတီးကုန်း)လွမ်းပြတာက
သူမေ့ ရက်လျှင်၊ ညှိုးသက်နွမ်းခွေ
နွေနေထိပန်း၊ ကြွေမည့်ပန်းပါ
တမ်းတဝမ်းနည်း၊ မနာကြည်းဝံ့ 
အထီးကျန်ဆွေး၊ ဟိုရှေးရှေးလို
ဝေးဝေးကသာ လွမ်းပါမည် ။
တဲ့ ၊ချစ်သူကိုလဲ အပြစ်မတင်ဝံ့ ၊ကိုယ့် ဘာသာပဲ ကြိတ်ခံ နေတဲ့  ရှိုက်သံ ကို ကြားယောင်မိလောက်ပါတယ်။
နွမ်ဂျာသိုင်း လွမ်းပုံကတစ်မျိုးဗျ
ရင်ထဲမှာအိပ်
အတိတ်ဆိုတာ၊ ခြေရာပါကွယ်
ထင်လှာစွဲရစ်၊ မေ့ မပစ်ရင်
အသစ်အသစ်၊ ပြန်ပြန်ဖြစ်လို့ 
စိတ်ညစ်သလောက်၊ မေ့ ပျောက်ခက်တယ်
ကြွေသာကြွေမယ်၊ နံ့ မပြယ်ဘူး
နွမ်းသာနွမ်းမယ်၊ နမ်းမပြယ်ဘူး
ပန်းခြောက်လေးတွေလိုပါပဲ ။
ရင်ခွဲခံလိုက်ရတဲ့  အတိတ် ကို မေ့ ချင်နေပေမယ့် ၊ ရာဇဝင်ရှိခဲ့ ဘူးတဲ့ ပန်းခြောက်တွေကို ဒိုင်ယာရီ ထဲမှာ ညှပ်ထားလေ့ ရှိတဲ့ သူတွေကို နှလုံးရောဂါ ပါ ရစေ လောက်ပါတယ်။
ဟော - နေခြည်အေးချမ်း ကတော့ ငိုသံတောင် ပါလာတယ်လို့ ထင်ရတယ်ဗျ၊
အကြင်နာဆိပ်
နွေရိပ်ဝန်းကျင်
ချိုချဉ်မဲ့ သော
ဥပေက္ခာ တောမှာ
ဗျာပါမူးမူး
ဘယ်သူရူးမလဲ
မေတ္တာစူးလို့ ကြွေရပြီ။
ကျခဲ့ ရတဲ့ မျက်ရေစက်တွေကိုသာ သက်ဆိုင်သူတွေ တွေ့ ရမယ်ဆိုရင်၊ ခံစားနေရတဲ့  ရင်ထဲက အပူတွေက သာ သက်ဆိုင်သူတွေ ကို ဟပ်မိမယ်ဆိုရင်၊ မေတ္တာ ဆိုတာ၊ အချစ်ဆိုတာကို တွေးပြီး အဖြေတစ်မျိုး ပြောင်းသွားနိုင်
လောက်ပါ့ မလားဗျာ။
ခဏနားဦးမယ်ဗျာ နောက် ထပ် ဆက်ပြီး အခြေအနေပေးရင် ထပ်ပြီး မြင်သမျှ တွေးပြချင်ပါသေးတယ် ။
0 comments:
Post a Comment